💕 Feeling of Love 💕 အပိုင်း ၃၁
"မောင် ကုမ္ပဏီရှေ့ထိ လိုက်ပို့ပေးပါမယ်ဆို"
"ရတယ်မောင်ရဲ့... တော်ကြာနေ မျက်စိဆံပင်မွှေးစူးနေကြပါဦးမယ်... ရတယ် နှောင်းဒီကနေပဲ လမ်းလျှောက်သွားလိုက်ပါ့မယ်"
အခု မ,တို့ကုမ္ပဏီနားက စေရပ်စောင့်နေကျနေရာမှာ ကားကိုရပ်ထားရင်း ကုမ္ပဏီရှေ့ထိလိုက်ပို့ဖို့ကို စကားပြောနေကြတာဖြစ်သည်။ မနေ့ညက နှစ်ယောက်သား ဆက်ဆံရေးကို Public တင်လိုက်တော့ ဂုဏ်ပြုပေးကြတဲ့သူတွေရှိသလို မကောင်းတဲ့မှတ်ချက်တွေပေးကြတဲ့သူတွေလည်း ရှိကြသည်။ စေ့အတွက်ကတော့ ဒါတွေက ရိုးနေပြီမို့ စိတ်ထဲတောင် မထည့်ထားပေမယ့် မ,အတွက်တော့ စိတ်ပူမိသည်။ နဂိုကတည်းက သူများလက်ညှိုးထိုးမခံရအောင် အမြဲဂရုတစိုက်နေတဲ့သူမို့ အသားမကျသေးမှာကို စိတ်ပူမိတာတော့အမှန်ပင်။
"နှောင်းသွားတော့မယ်နော် မောင်"
"အင်း ချစ်တယ်"
"နှောင်းရောပဲ မွ"
စေ့ပါးပြင်ကို မွခနဲနမ်းပြီး ကားတံခါးဖွင့်ကာဆင်းသွားပြီဖြစ်တဲ့ မ,ရဲ့အပြုအမူကို စေ့မှာ သဘောတကျ ကြည်နူးမိသည်။ ထို့နောက် နေရာကနေ ကားကိုမောင်းမထွက်သေးဘဲ ဖုန်းကိုထုတ်ကာ တစ်နေရာကို ဖုန်ခေါ်လိုက်သည်။
💕💕💕💕💕
မှန်တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်တယ်ဆိုရင်ဘဲ ဆိုင်ထဲက အရောင်းဝန်ထမ်းမိန်းကလေးတွေရဲ့ အကြည့်က နှောင်းဆီကို ရောက်လာကြသည်။
"မောနင်းပါ"
"မောနင်းပါ အစ်မနှောင်း"
ပုံမှန်အတိုင်း နှောင်းဘက်က အရင်နှုတ်ဆက်လိုက်တော့ ကောင်မလေးတွေအကုန်လုံးက နှောင်းကို ပြုံးပြီး ပြန်နှုတ်ဆက်ကြသည်။ ပြီးတာနဲ့နှောင်းနားကို ဝိုင်းအုံလာကာ
"အစ်မနှောင်း မနေ့ညကတင်ထားတာလေ... အဲ့ဒါတကယ်ပဲ ကိုစေညွှန်ရာလားဟင်"
နှောင်းရဲ့အဖြေကို မျှော်လင့်တကြီးစောင့်စားနေတဲ့ ကောင်မလေးတွေကို နှောင်းတစ်ချက်ဝေ့ဝဲကြည့်ပြီး အင်းဟုဆိုကာ ခေါင်းငြိမ့်ပြလိုက်သည်။