💕 Feeling of Love 💕 အပိုင်း ၂၅
နောက်တစ်နေ့ မနက် ၈နာရီ
အခန်းထဲက မှန်တင်ခုံရှေ့ထိုင်ပြီး နှောင်းမှာ မိတ်ကပ်ပြင်နေရတဲ့ အကြောင်းအရင်းကတော့ ဒီနေ့ လည်ကြပတ်ကြမှာမို့ပင်။ ဒီကိုရောက်ကတည်းက Moisture နဲ့ Sun Cream ပဲ လိမ်းဖြစ်နေတဲ့ နှောင်းက ခုတော့ဖြင့် စိတ်ရှည်လက်ရှည် အလှပြင်ဖြစ်နေသည်။ နှောင်းဘေးက ကုတင်ပေါ်မှာလည်း လင်းက မှန်အသေးလေးကို လက်ကကိုင်ကာ မိတ်ကပ်ပြင်နေသည်။
နှောင်းကဝောာ့ ထုံးစံအတိုင်း ပါးပါးကြည်ကြည်မိတ်ကပ် Look ကိုသာ ပြင်တာမို့ Skin Care လုပ်ပြီး Bb Cushion ကို အပေါ်ကနေ ပါးပါးလေးပုတ်လိမ်းလိုက်သည်။ U R Glam က ထုတ်တဲ့ Eyeshadow Palette ရဲ့ အရောင်တွေက ဘယ်နေရာရောက်ရောက် ဘယ်လိုအပြင်အဆင်မျိုးမှာမဆို အဆင်ပြေလှတာမို့ နှောင်းက ခရီးသွားတိုင်း ထို Palette တစ်ခုတည်းကိုသာ ယူလာလေ့ရှိသည်။
အနုဆုံးအရောင်လေးကို လက်ခလယ်လေးနဲ့ အသာတို့ယူပြီး မျက်ခွံပေါ်ဖြန့်ချလိုက်သည်။ ပြီးတာနဲ့ မက်မွန်သီးရောင်ဖျော့ဖျော့လေးကို လက်ညှိုးလေးဖြင့်တို့ယူလိုက်ပြီး မျက်ခွံပေါ် သေချာညီသွားအောင် ဖြန့်လိုက်သည်။ ထို Palette ထဲ အညိုဖျော့လေးကိုတော့ မျက်တောင်အရင်းနားကနေ ကပ်ဆွဲကာ Eye Liner သဘောမျိုး ဆွဲလိုက်သည်။ ပါးမို့မို့လေးထက်ကိုတော့ မက်မွန်သီးရောင် ဖျော့ဖျော့လေးနဲ့ အရောင်တင်လိုက်တော့ မျက်နှာလေးကလင်းထွက်သွားသည်။ မျက်ခုံးမွှေးကို သေချာဂရုတစိုက်ဆွဲပြီးနောက် မျက်တောင်ကော့ကာ နှုတ်ခမ်းနီဆိုးလိုက်သည်။
Uniqlo က Peg Top Jeans ကို အပေါ်က တီရှပ်အဖြူလေးနဲ့ ရိုးရိုးရှင်းရှင်းတွဲဝတ်လိုက်ပြီး အသားရောင် အနွေးထည်အပါးလေးကိုတော့ လက်ကကိုင်ထားရင်း
"လင်းပြီးပြီလား"
"အင်း အဝတ်အစားဝတ်ပြီးတာနဲ့ ပြီးပြီ"
"အိုခေ အာ့ဆို ငါအပြင်ကစောင့်နေမယ်နော်"
"ဟဲ့ နင်က ဒီပုံစံပဲလား... ဂါဝန်တွေဘာတွေ မဝတ်ဘူးလား... စေလည်း လိုက်မှာနော်... လှတပတလေး ဝတ်ပါဦးဟယ် နင်ကလည်း"
လင်းက နှောင်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောလာတာမို့ နှောင်းက ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီးနောက် လင်းကိုပြန်ကြည့်ကာ