💕 Feeling of Love 💕 အပိုင်း ၃၂
ခရီးဆောင်အိတ်တွေအများကြီးထဲကမှ နှောင်းရဲ့ခရီးဆောင်အိတ်ကို တွေ့တာနဲ့ ဆွဲယူလိုက်ပြီးနောက် မောင်စောင့်နေမယ်လို့ပြောတဲ့ လေဆိပ် Lobby သို့ တန်းပြီး ထွက်လာခဲ့လိုက်သည်။ Lobby သို့ရောက်တယ်ဆိုရင်ပဲ များပြားလှတဲ့လူတွေကြားထဲမှာ ထင်းနေတဲ့အရပ်အမောင်းနဲ့အသားအရေရှိတဲ့မောင်က နှောင်းကို လက်ဝှေ့ယမ်းပြနေလေသည်။ နှောင်း မမြင်ဘူးအထင်နဲ့ မောင်က လက်ကို အစွမ်းကုန်မြှောက်ကာ ဝှေ့ယမ်းပြနေပြီး နှောင်းရှိရာကိုလည်း ခြေလှမ်းကြဲများနဲ့လျှောက်လာတာမို့ နှောင်းနှုတ်ခမ်းပါးတို့ပြုံးမိသွားရင်း မောင့်ဆီကို မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ခပ်သွက်သွက်လျှောက်သွားလိုက်မိသည်။ အနားကို ရောက်လာတာနဲ့ မောင်က နှောင်းကို တင်းကြပ်စွာပွေ့ဖက်ရင်း
"လွမ်းလိုက်တာဗျာ" ဟု ပြောရင်း နှောင်းရဲ့ လည်ပင်းနဲ့ပုခုံးကြားနေရာကို တရှုံ့ရှုံ့နမ်းနေရင်း တတွတ်တွတ်ပြောလာတာမို့ နှောင်းဟက်ခနဲရယ်ရင်း မောင့်ကျောပြင်ကျယ်ကို ပွေ့ဖက်ထားတဲ့လက်တွေက ဖျတ်ခနဲ မောင့်ရဲ့ကျောပြင်ကို ခပ်ဆက်ဆက်လေး တစ်ချက်ရိုက်လိုက်မိသည်။
"မောင်နော်… နှောင်းသွားတာ စင်္ကာပူတင်နော်… ပြီးတော့ ၃ညအိပ် ၄ရက်ထဲကို… မောင်ပြောပုံက မသိရင်ပဲ ၁နှစ် ၂နှစ်လောက် မတွေ့ရတဲ့သူတွေကျနေတာပဲ"
စေ့ကျောပြင်ကို မနာအောင် ခပ်ဖွဖွလေးရိုက်ကာ ပြောလာတဲ့ မ,ရဲ့စကားကို စေပြုံးလျက်နားထောင်နေပြီး မ,ရဲ့လည်ဂုတ်လေးနဲ့ နားနောက်လေးကို မထိတထိနမ်းရှိုက်လိုက်ပြီး မ,ကို ဖက်ထားရာကနေ မ,ရဲ့လက်မောင်းကို ကိုင်ထားလိုက်ပြီး မ,နဲ့မျက်လုံးချင်းဆုံအောင်ကြည့်ကာ
"၄ရက်ကြီးများတောင်ဆိုပေမယ့် မောင့်အတွက် ၄ကမ္ဘာလိုပဲ ခံစားနေရတာကို မ,ကလည်း"
"တော်ပါ မောင်သိပ်စကားတတ်တာ… သွားကြမယ်လေ"
"အင်း… မောင့်ကို အိတ်ပေး"
မ,ရဲ့ Luggage ကို လက်တစ်ဖက်ထဲနဲ့ကိုင်ကာ နောက်လက်တစ်ဖက်ကတော့ မ,ရဲ့လက်ကို ဆုပ်ကိုင်ရင်း လေဆိပ်ထဲကနေ ထွက်လာခဲ့ကြသည်။