🚨Little Touch🚨

2K 60 4
                                    

💕 Feeling of Love💕 အပိုင်း ၃၃

"နှောင်းငယ်"

နှောင်းကို မောင်ခေါ်တဲ့ နာမ်စားတစ်ခုကြောင့် နှောင်း အံ့ဩသလို ရေရွတ်လိုက်မိတော့ မောင်က

"အင်း ဟုတ်တယ်... မောင့်နှောင်းငယ်က ဘယ်အချိန်ကြည့်ကြည့် မောင့်အတွက် ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းလွန်းလို့ ပေးထားတဲ့ nickname လေး... ဘယ်လိုလဲ သဘောကျလား"

"အင်း သဘောကျတယ်"

နှောင်း ပြုံးရယ်ကာ သဘောကျတယ်လို့ပြောရင်း တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်မိသည်။ နှောင်းဆုံးဖြတ်ချက်က မှန်လား မှားလား မသိပေမယ့် အခုချိန်မှာတော့ နှောင်း ရင်ထဲက လိုလားကြည်ဖြူစွာဖြင့် ထိုဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဖြစ်သည်။

"မောင်"

"ဗျာ"

မောင့်ကိုခေါ်ပြီးကာမှ မောင်ကထူးလာတော့လည်း ရုတ်တရက်ဘယ်လိုပြောရမှန်းက သိမနေ။ မောင့်ကို မျက်နှာပူစွာ နှောင်းမျက်ဝန်းတွေကို အရင်လွှဲလိုက်မိပြန်သည်။

စေ့ကိုခေါ်ပြီးမှ အကြည့်လွှဲကာ တစ်ခုခုကို ပြောရခက်နေပုံရတဲ့ နှောင်းငယ်ရဲ့ပုံစံကြောင့်

"မောင့်ကို ဘာ‌ပြောချင်လို့လဲ နှောင်းငယ်"

"နှောင်း ဘယ်လိုပြောရင်ကောင်းမလဲကို စဉ်းစားနေတာ"

"ဘာကိုလဲ နှောင်းငယ်ရဲ့"

သက်ပြင်းဖွဖွချကာ နှောင်းငယ် စဉ်းစားရင် လုပ်တတ်တဲ့အပြုအမူလေးတွေဖြစ်တဲ့ နှုတ်ခမ်းလေးဆူလိုက် အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ဖြင့် နှောင်းငယ်ကတော့ သူဘယ်လောက်အသည်းယားဖို့ကောင်းနေလဲဆိုတာကို မသိဘဲ တစ်ယောက်တည်း ချစ်စရာကောင်းတဲ့အပြုအမူတွေကို လုပ်နေသေးသည်။ နှောင်းငယ်ဘက်က တကယ်ကို ပြောရခက်နေပုံရပြီး တော်တော်လေးစဉ်းစားယူနေတာကြောင့် စေကတော့ နှောင်းငယ်မျက်နှာကို တစိမ့်စိမ့်ကြည့်နေရင်းသာ နှောင်းငယ်ဘက်က ပြောပြလာမှာကို နားစွင့်နေလိုက်တော့သည်။

မောင်တစ်မျိုးထင်သွားမှာစိုးလို့ ဘယ်လိုစကားလုံးတွေနဲ့သုံးပြီး မောင့်ကိုပြောရမလဲဆိုတာ တွေးရတာ နှောင်းအတွက် တကယ်ကို စဉ်းစားရကြပ်ပါသည်။ ကိုယ်က မိန်းကလေး ဘယ်ကဘယ်လို စပြောရမှန်းလည်း မသိပါ။ တစ်ခြားမိန်းကလေးတွေကရော ဒီလိုအခြေအနေမျိုးမှာဆိုရင် ဘယ်လိုပြောကြမလဲဆိုတာ နှောင်း တကယ်ပဲသိချင်မိသည်။ ‌မောင့်ကို ကြည့်လိုက်တော့လည်း မောင်က နှောင်းပြောလာမှာကို သေချာနားစွင့်နေတဲ့ပုံစံမို့ နှောင်း စိတ်လှုပ်ရှားစွာ အောက်နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်မိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now