💕 Feeling of Love 💕 အပိုင်း ၈
နိုဝင်ဘာလကုန်ခါနီးမို့ ချမ်းစိမ့်စိမ့်ဖြစ်နေပေမယ့်
စေကတော့ မမောနိုင်မပန်းနိုင် ပြေးလွှားနေရတာမို့
နဖူးမှာ ချွေးစအနည်းငယ်ထွက်နေသည်။ လမ်းမထက်
ပြေးလွှားပြီး "မ" အရိပ်အယောင်လေးများ တွေ့လိုတွေ့ငြား လိုက်ရှာပေမယ့် ၁၀မိနစ်ကြာတဲ့အထိ "မ"ကို ရှာမတွေ့။ နာရီကြည့်တော့ ၇နာရီထိုးခါနီးမို့ "မ"ရဲ့အိမ်နဲ့ "မ"သူငယ်ချင်းဆိုင် တစ်နေရာရာမှာ သွားစောင့်နေတာ ပိုသေချာနိုင်တာမို့ ကားသွားယူရင်း ကောင်းပြည့်တို့ကိုနှုတ်ဆက်ဖို့ ကုမ္ပဏီပြန်သွားဖို့အတွက် ဒီဘက်ပြန်အလှည့် စေ့တည့်တည့်ကနေ လျှောက်တာတဲ့ အရိပ်ကလေးကြောင့် မောပန်းနွမ်းလျနေတဲ့စေ့ရင်တစ်ခုလုံး အိုအေစစ်ကို ရှာတွေ့သွားသလိုပင်။"အေးပါ အဲ့ဒါဆို ဒီညမတွေ့ဖြစ်တော့ဘူးပေါ့"
"..................."
"အိုခေ ငါအိမ်ပြန်ရောက်ရင် စာပို့လိုက်မယ်.. ဖိုက်တင်း သယ်ရင်း"
"..................."
"အင်း"
လင်းနဲ့ဖုန်းပြောတာကို အဆုံးသတ်လိုက်ပြီး ဖုန်းကို
ဆလင်းဘတ်အိတ်ထဲ ပြန်ထည့်လိုက်သည်။
လက်နှစ်ဖက်မှာ ကိုင်ထားတဲ့ ပလတ်စတစ်အိတ်နှစ်လုံးကို သေချာပြန်ကိုင်လိုက်ပြီး ဆက်လျှောက်မယ်အလုပ်
ရှေ့တည့်တည့်မှာ ရပ်နေတဲ့ စေ့ကြောင့် နှောင်းအံ့ဩ
သွားသည်။ နေရာကနေ မလှုပ်မယှက် ကြောင်ပြီးကြည့်နေတဲ့ "မ"ထံ စေတစ်လှမ်းခြင်း လျှောက်သွားပြီး
"မ"နဲ့ ခြေတစ်လှမ်းအကွာမှာ ရပ်လိုက်တဲ့အထိ "မ"က စေ့ကို အံ့ဩတကြီး ကြည့်နေတုန်းရှိသေးသည်။"စေ.. စေက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ..
ပွဲပြီးသွားပြီလား""ဟင့်အင်း.. မပြီးသေးပါဘူး"
"မပြီးသေးပဲနဲ့ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"
စေ့ကို မျက်နှာလေးမော့ကာ သိချင်စိတ်ဖြင့် မေးနေတဲ့
"မ"ကို ရွန်းရွန်းစားစားကြည့်လိုက်ပြီးနောက်"ရောက်လာတာကို ဘာလို့ ကျွန်တော့်ကို နှုတ်တောင်
မဆက်ပဲ ပြန်သွားတာလဲ.. ကျွန်တော် "မ"ကို
မနက်ကတည်းက မျှော်နေတာ"