💕 Feeling of Love 💕 အပိုင်း ၂၇
📞အင်း... အာ့ဆို မောင်အလုပ်ပြီးရင် လာကြိုလိုက်လေနော် နှောင်း လိပ်စာပို့ပေးထားမယ်... ရောက်ခါနီးရင် ဖုန်းပြန်ဆက်ဦး
📞...............
📞အင်း အာ့ဆို ဒါပဲနော်
မောင်နဲ့ဖုန်းပြောပြီးတာနဲ့ မှန်တံခါးကို တွန်းဖွင့်ကာ အကခန်းထဲကို ပြန်ဝင်လာလိုက်သည်။ ဒီနေ့ ရုံးပိတ်ရက် ဖြစ်တာမို့ ထုံးစံအတိုင်း နှောင်းက Studio ကို ဦးတို့နဲ့အတူ လာဖြစ်သည်။ နောက်လည်း ပြောပြရမယ့်အတူတူ မောင့်ကို နှောင်းရဲ့ဝါသနာအကြောင်း ပြောပြချင်မိသည်။ ပထမတော့ မောင့်ကိုလိုက်ပို့ခိုင်းဖို့ လုပ်ထားပေမယ့် မောင်က အလုပ်ကိစ္စတစ်ခုရှိတယ်ဆိုတာနဲ့ အပြန်ဝင်ကြိုဖို့ဖုန်းလှမ်းဆက်ပြောထားခြင်းဖြစ်သည်။
လက်ထဲကဖုန်းကို အခန်းထောင့်မှာထားထားတဲ့ နှောင်းရဲ့ကျောပိုးအိတ်အသေးလေးပါ်မှာ ဒီအတိုင်း တင်ထားလိုက်ပြီး နောက်သီချင်းတစ်ပုဒ်ဖွင့်ကာ ပြန်ကဖို့ပြင်နေကြတဲ့သူတွေနားသွားကာ နှောင်းလည်း အကြောလျော့ လေ့ကျင့်ခန်းလုပ်နေလိုက်သည်။ ထို့နောက် သီချင်းသံစဉ်နဲ့အတူ နှောင်းရဲ့ခန္ဓာကိုယ်က အလိုက်သင့်လှုပ်ရှားလာပြီး နောက်ဆုံးတော့ သံစဉ်တွေနဲ့တစ်ထပ်တည်းကျသွားကာ အကမှာပဲ စိတ်နှစ်ထားလိုက်သည်။
💕💕💕💕💕
📞ဟယ်လို
မ,ပို့ထားတဲ့လိပ်စာကနေရာကို ရောက်နေပြီမို့ စေ မ,ထံဖုန်းခေါ်လိုက်တော့ ကြားလိုက်ရတဲ့ယောကျာ်းအသံကြောင့် မျက်ခုံးထူထူတို့က ထိကပ်လုမတတ် တွန့်ချိုးသွားသည်။ နောက်မှ တစ်စုံတစ်ခုကိုတွေးမိသွားပြီး
📞 ဟယ်လို ရောင်နီလား
📞 ဟုတ်တယ် စေ... နှောင်း ဖုန်းမြည်နေလို့ကိုင်လိုက်တာ ခဏလေးနော် နှောင်းကိုခေါ်ပေးမယ်... ဟို ခဏနေမှ ပြန်ခေါ်မလား
နှောင်းကိုခေါ်ပေးဖို့ကြည့်လိုက်ပေမယ့် ဒေါ်နှောင်းက နောက်သီချင်းတစ်ပုဒ်ကို Team နဲ့ကဖို့ပြင်နေပြီမို့ ခဏနေမှ ပြန်ခေါ်မလားဟု ရောင်နီ စေ့ကို မေးလိုက်ရခြင်းဖြစ်သည်။