💕 Feeling of Love 💕 အပိုင်း ၁၁
မောင့်လက်ကိုတွဲကာ မြို့ထဲလမ်းမထက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ နှောင်းမှာလမ်းလျှောက်နေရသည်။
စိတ်လှုပ်ရှားရင် ခြေဖျားလက်ဖျားတွေ အေးလာတတ်တဲ့နှောင်းဟာ အခုလည်း လက်ဖဝါးတွေက အေးစက်လာသော်လည်း ဆုပ်ကိုင် မောင့်ရဲ့နွေးထွေးတဲ့လက်ဖဝါးကြောင့် နွေးထွေးမှုကိုခံစားနေရသည်။စေ မ,ကို ငုံ့ကြည့်လိုက်တော့ စိတ်လှုပ်ရှားနေပုံရကာ လက်ဖဝါးတွေလည်း အေးစက်နေတာကြောင့်
ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားကာ"စိတ်လှုပ်ရှားနေတာလား မ"
မော့ကြည့်လာတဲ့မျက်ဝန်းလေးတွေက ဖြူစင်မှုအပြည့်။
"အင်း နည်းနည်း...
ဒီလိုမျိုးတစ်ခါမှ လမ်းမလျှောက်ဖူးလို့... ဟူးးး""စိတ်ကို လျော့ထားပါ မရဲ့... နောက်တော့
အကျင့်ရသွားမှာပါ မဟုတ်ဘူးလား"နှောင်း မောင့်ကိုမျက်စောင်းထိုးလိုက်ပြီး ဗိုက်ဆာနေတာမို့ ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းလိုက်သည်။
ဆိုင်ထဲဝင်လိုက်တာနဲ့ မွှေးပျံ့နေတဲ့ ကော်ဖီအနံ့နဲ့အတူ ပေါင်မုန့်နံ့ကိုပါရလိုက်တာမို့ နှောင်းဗိုက်ပိုဆာသွားသည်။ ဗန်းလေးနဲ့ညှပ်ကိုယူကာ ဘာစားရင်ကောင်းမလဲဆိုပြီး ပေါင်မုန့်တွေကိုလိုက်ကြည့်နေသည်။ မောင်ကဘေးကနေ ဗန်းကိုင်ပေးထားဝာာမို့ နှောင်းက ညှပ်ကိုကိုင်ကာ လိုက်ကြည့်ရင်း စဉ်းစားနေရသည်။ ပူတင်းပေါင်မုန့်လို့ရေးထားတဲ့ ပေါင်မုန့်လုံးက ရွှေဝါရောင်သန်းနေပြီး
စားချင်စရာလေးမို့ တစ်လုံးယူကာ ဗန်းထဲထည့်လိုက်သည်။ ဘေးမှာဗန်းကိုင်ကာရပ်နေတဲ့ မောင့်ကို လှည့်ကြည့်ပြီး"မောင်ရော ဘာစားချင်လဲ"
"ဟင့်အင်း မောင်က ကော်ဖီပဲသောက်မှာ"
"ဟင် ဘာအစာမှမရှိပဲ ကော်ဖီသောက်မလို့လား"
"ရတယ် မောင် သောက်နေကျ"
"အိုခေ... ခဏနော် ဒါလေးယူလိုက်ဦးမယ်"
နှောင်းအကြိုက် Hawaiian Pizza တစ်စိတ်ကို
ယူလိုက်ကာ ငွေရှင်းကောင်တာဘက်ကို ထွက်လာလိုက်သည်။ ကောင်တာပေါ်ဗန်းလေးကိုတင်လိုက်ပြီးနောက်