💕 Feeling of Love 💕 အပိုင်း ၁၈
"ကြည့်ပါဦး မြိုင်က အရင်ကလို လှတုန်းပဲ"
"နွယ်ကတော့ ပြောတော့မယ်... နွယ့်ကိုမမှီပါဘူး...
ဒါ နွယ်ပြောပြောနေတဲ့ နွယ့်မြေးမလေးဆိုတာလား""ဟုတ်တယ် မြိုင်ရေ... နာမည်လေးက တော်ဝင်သူတဲ့"
"ဟယ် နာမည်လေးရော လူလေးရောလှလိုက်တာကွယ်"
"ကျေးဇူးတင်ပါတယ် ဖွားဖွား"
"ကဲကဲ အထဲအရင်ဝင်ကြရအောင်လေ စကားတွေနောက်မှပြောကြ"
ခင်ပွန်းသည်ရဲ့အပြောကို အားလုံးကထောက်ခံကြတာမို့ အိမ်ထဲကို ဝင်လာကြတော့သည်။
" ဒါနဲ့ ဘယ်လိုဖြစ်ပြီးအစောကြီးရောက်လာကြတာလဲ... ကျိုက်ထီးရိုးဘုရားဖူးဦးမှာဆိုတော့ မြိုင်က ၉နာရီကျော်လောက်မှ ရောက်မယ်ထင်နေတာ"
"မပြောချင်တော့ပါဘူးမြိုင်ရယ်" ဆိုပြီးအစချီကာ ဘုရားရင်ပြင်ပေါ်မှာ လူတွေတအားများတာမို့ ကြာကြာမနေဘဲ ပြန်ဆင်းလာပြီး ဘားအံကိုခရီးဆက်ခဲ့ကြောင်းပြောပြလေတော့သည်။
"ဟင်းဟင်း ဖြစ်ရမယ် ဒါနဲ့ နွယ်တို့ခရီးပမ်းလာကြမှာပဲ နားကြဦးမလား... ဟိုဘက်ကနွယ်တို့တည်းမယ့်အိမ်ပဲ... မနက်စာရောစားပြီးပြီလား"
"အဖြစ်တော့စားလာပါတယ်... စားသောက်ပြီးမှ တစ်ခါတည်းနားတော့မယ်လေ... မြိုင့်ကို နွယ့်သားနဲ့မိတ်ဆက်ပေးရဦးမယ်... သူက နွယ့်သားငယ်လေးလေ စေညွှန်ရာတဲ့"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အန်တီ"
"သားတောင် ဒီအရွယ်ရောက်နေပြီပဲ... အန်တီ့ကိုမှတ်မိလားသား... ငယ်ငယ်တုန်းကတော့ တွေ့ဖူးတယ်လေ ကြည့်ပါဦး ငယ်ရုပ်လေး မပျောက်ဘူး"
"ဟို ကျွန်တော်သိပ်တော့မမှတ်မိဘူး"
"သူက အမေ့အချစ်ဆုံးသူငယ်ချင်း မြိုင်တဲ့ ဟိုက
သူ့အမျိုးသား မြင့်နိုင်... ကျောင်းတတ်ကြတုန်းက
အမေတို့၄ယောက်က အမြဲတမ်းတပူးပူးတစ်တွဲတွဲ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေလေ""ဪ"
"ငါတို့ မတွေ့ဖြစ်တာတော်တော်ကြာနေပြီနော်"