💕Spaghetti💕

955 76 4
                                    

💕Feeling of Love💕 အပိုင်း ၄၇

"ဟင့်.... စေ..... စေ ရက်စက်တယ် ဟင့်"

စေ့ကို မျက်ရည်တွေဝဲကာ ပြောရင်း ထွက်သွားတဲ့နဒီလှိုင်းကို ကျောပေးထားကာ ရပ်နေမိသည်။ အရင်ရက်စက်သွားတာ မင်းပါဆိုတဲ့စကားကိုတော့ ရင်ထဲမှာပဲ ပြောလိုက်မိသည်။ နောက်ပြီး နေရာမှာပဲ ခြေစုံရပ်ပြီး တွေးနေမိတာတစ်ခုက စေနဲ့နှောင်းငယ်ရဲ့ကိစ္စတွေကို အတွင်းကျကျ ဘယ်လိုသိနေတာလဲဆိုတာပင်။ ကောင်းပြည့်ကနေတစ်ဆင့်ပဲ သိနေတာများလား။ အတွေးတွေ ရှုပ်လာတာမို့ ခေါင်းကို ခါရမ်းလိုက်ရင်း နောက်တစ်ကြိမ် တံခါးဖွင့်သံကြားတာကြောင့် နဒီလှိုင်းလို့ပဲ ထင်လိုက်ပြီး

"မင်း ဘာလို့‌ထပ်ရောက်လာပြန်တာလဲ" လို့‌ ပြောရင်း လှည့်ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့သူကြောင့် စေ နေရာမှာတင် ကြောင်ပြီး ရပ်နေမိသည်။ ပါးစပ်ဖျားကနေတော့ နာမ်စားတစ်ခုကို ရေရွတ်လိုက်မိတာက

"နှောင်းငယ်"

"Surprise"

"နှောင်းငယ်က ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

စားပွဲပေါ်ကို လက်ထဲကအထုတ်တွေကို တင်လိုက်ပြီး

"အပြင်မှာ Appointment တစ်ခုရှိလို့ ထွက်လာရင်း တစ်လက်စတည်း မောင်နဲ့အတူတူနေ့လည်စာစားချင်လာတာရော... မောင့်ကို Surprise လုပ်ချင်တာရောပေါင်းပြီး မောင့်ဆီ အလည်လာတာ.... ဘယ်လိုလဲ နှောင်းရောက်လာမယ်လို့ လုံးဝ မထင်ထားဘူးမလား"

"ဟုတ်တာပေါ့.... လာပါဦး မောင် ဖက်ထားချင်လို့"

စေက လက်တွေကို ဆန့်တန်းပြီး ရင်ဖွင့်ကာကြိုဆိုလိုက်တော့ နှောင်းငယ်က စေ့ရင်ခွင်ထဲဝင်လာပြီး စေ့ခါးကို တင်းကြပ်စွာဖက်တွယ်ထားလေသည်။ နှောင်းငယ်ကို ပွေ့ဖက်ထားရုံနဲ့ စောနက စိတ်ရှုပ်နေခဲ့သမျှဟာ အေးချမ်းသွားရပြီး စိတ်တွေလည်း ကြည်လင်သွားသည်။ တကယ်ပါ နှောင်းငယ်က စေ့အတွက် မရှိမဖြစ် အိုအေစစ်လေးပင်။ ‌နှောင်းငယ်ရဲ့ ဦးခေါင်းထက်ကို ကြင်နာစွာ အနမ်းတစ်ပွင့်အပ်နှင်းလိုက်ပြီးနောက်

"ဒါဆို စောနက နေ့လည်စာစားပြီးပြီဆိုတာက လိမ်တာပေါ့လေ"

"မောင်နဲ့နေ့လည်စာကို အတူတူစားချင်လို့ လိမ်ပြောလိုက်တယ်ဆိုရင်ရော အပြစ်ကကြီးမှာလား"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now