💕Why don't he kiss me?💕

1.2K 38 0
                                    

💕 Feeling of Love 💕 အပိုင်း ၁‌၃

ဘုရားက ပြန်ရောက်ကတည်းကအိပ်လိုက်တာ နိုးလာတော့ ညနေ ၄နာရီတောင်ထိုးနေပြီ။ ညနေထိအိပ်လိုက်မိတာမို့ ခေါင်းကအုံနေကာ မူးနောက်နောက်ဖြစ်နေတာကြောင့် ဝရံတာဘက်ထွက်လိုက်ပြီး လေညှင်းခံနေလိုက်သည်။ ဖုန်းလာသံကြောင့် ကြည့်လိုက်တော့ လင်းဆီကမို့

"ဟယ်လို လင်း"

"ဟဲ့ ဒီညနေ ဒိတ်ကြရအောင်လေ... နင်အားလား"

"ငါက အားတယ်... မအားတာက နင်... အခုတလော နင် ဘာတွေအလုပ်ရှုပ်နေလဲ လင်း"

"ဒီလိုပါပဲဟာ... အာ့ဆို နင်ခဏနေထွက်ခဲ့နော်"

"ငါခုမှနိုးတာ ရေမိုးချိုးလိုက်ဦးမယ်... တီမြိုင်တို့ဆီမှာပဲ ညစာစားကြမယ်လေ"

"အေးအေး အာ့ဆိုပြီးရောလေ အေးဆေးလုပ်"

"အိုခေ"

လင်းနဲ့ဖုန်းပြောပြီးတာနဲ့ ရေတစ်ခွက်အဝသောက်ကာ ရေချိုးဖို့ပြင်တော့သည်။ Scrub မလုပ်ဖြစ်တာ တစ်ပတ်လောက်ရှိနေပြီမို့ ရေချိုးခန်းထဲကစင်မှာတင်ထားတဲ့ Scrub ဘူးကို ယူကာ ခန္ဓာကိုယ်အနှံ့ပွတ်တိုက်ပြီး‌နောက် မျက်နှာကိုလည်း Clay Mask ကပ်ထားပြီး ဒူးခေါင်းနဲ့ခြေမျက်စိနေရာကို ဆားပွင့်လေးတွေနဲ့ သေချာပွတ်တိုက်‌နေလိုက်သည်။ ၁၅မိနစ်လောက်နေတော့ တစ်ကိုယ်လုံးရေဆေးချကာ ခပ်သွက်သွက်လေးရေချိုးပြီးနောက် ပြန်ထွက်လာကာ မျက်နှာကို တစ်ရှုးနဲ့ဖွဖွပုတ်သုတ်ပြီး ရေခဲသေတ္တာထဲထည့်ထားတဲ့ တိုနာဘူးနဲ့ Mask တစ်ထုတ်ကိုယူလိုက်သည်။ တိုနာကို မျက်နှာအနှံ့သေချာလိမ်းပြီးတာနဲ့ လက်ဝါးလေးဖြင့် လေရအောင်ခတ်ကာ Mask ကို ဖောက်ပြီး မျက်နှာမှာကပ်ထားလိုက်သည်။

သဘတ်တစ်ထည်သာပတ်ထားတဲ့ ခန္ဓာကိုယ်ကို ကုတင်ပေါ်ကျကျနနထိုင်ကာ Lotion သေချာလိမ်းပြီးနောက် အတွင်းခံဝတ်လိုက်ပြီး ခြေမျက်စိထိဖုံးတဲ့ ချည်သားလက်ပြတ်ဂါဝန်ရှည်ကို ဝတ်ပြီးနောက် မျက်နှာပေါ်တင်ထားတဲ့ Mask ကို ခွာကာ Serum တွေကို မျက်နှာအသားထဲစိမ့်ဝင်အောင် လက်‌ချောင်းလေးသုံးပြီး သေချာနှိပ်နယ်ပေးကာ အနည်းငယ်ပိုတာကိုတော့ လည်ပင်းမှာ လိမ်းလိုက်သည်။ အပေါ်က Cardigan မိုးပြာရောင် လက်ရှည်လေးဝတ်ပြီး ဆံပင်ကို တစ်ချက်နှစ်ချက်ဖြီးကာ ပြင်ဆင်ခြင်းကိုအဆုံးသတ်လိုက်သည်။ Lip Balm လေးဆိုးပြီးနောက် လင်းဆီဖုန်းဆက်တော့ ထွက်လာပြီဆိုတာကြောင့် နှောင်းလည်း အိမ်ကနေထွက်ကာ ကားမှတ်တိုင်ရှိရာသို့ ဦးတည်လာခဲ့တော့သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now