🚨 First Night🚨

1.3K 75 7
                                    

💕 Feeling of Love 💕 အပိုင်း ၄၈

‼️ Warning ‼️
ဆင်ဆာခန်းလေးတွေ ပါတာမို့ မီးနီမကြိုက်တဲ့သူများ
ဒီအပိုင်းကို ကျော်သွားလို့ ရပါတယ်ရှင်။

Spaghetti လေး စားလိုက် ဝိုင်လေးသောက်လိုက်ဖြင့် နှစ်ယောက်တည်း အေးအေးလူလူ Quality Time ကို ဖြတ်သန်းနေကြပြီး စားလို့သောက်လို့ပြီးချိန်မှာ နှောင်းက ပန်းကန်ဆေးပေးမယ်ပြောပေမယ့် မောင်က သူပဲ ပန်းကန်ဆေးလိုက်မယ်ဟုဆိုကာ ရေခဲသေတ္တာထဲက စပျစ်သီး‌ဗူးကို ထုတ်ကာ နှောင်းရှေ့ချပေးပြီး ဧည့်ခန်းမှာ စပျစ်သီးစားရင်း တီဗီကြည့်နေဖို့ တိုက်တွန်းလာလေသည်။ နှောင်းကတော့ စပျစ်သီးဗူးလေးကို လက်ကကိုင်ကာ တစ်လုံးလောက် နှိုက်စားလိုက်ပြီး ဘေစင်မှာ ပန်းကန်တွေဆေးနေတဲ့ မောင့်နားလျှောက်သွားကာ စပျစ်သီးတစ်လုံးကို မောင့်နှုတ်ခမ်းနားတေ့ပေးလိုက်တော့ မောင်က ပြုံးရင်းနဲ့ နှောင်း ခွံ့ကျွေးတာကို စားလိုက်သည်။

မောင်က Island Counter ရဲ့ ဘေစင်မှာ ပန်းကန်တွေကို ဆေးနေချိန် နှောင်းက မောင့်မျက်နှာကို မြင်ရအောင် Island Counter ကို နောက်ကျောပေးကာ မှီထားလိုက်ရင်း စပျစ်သီးကို တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲထည့်နေရင်း မောင့်ကို ငေးကြည့်နေမိသည်။ အမြဲလိုလိုပုံသွင်းထားတတ်တဲ့ မောင့်ဆံပင်တွေဟာ ရေချိုးခေါင်းလျှော်ထားတာမို့ ပွပွယောင်းယောင်းလေးနဲ့ ရှိရင်းစွဲအသက်ထက် နုပျိုနေသည်မှာ အမှန်ပင်။ ပေါ့ပေါ့ပါးပါး တီရှပ်ဝတ်ထားတာတောင် Charisma အပြည့်ရှိနေတဲ့ မောင့်ပုံစံက ပန်းကန်ဆေးနေတာနဲ့ နည်းနည်းလေးမှ မလိုက်ဖက်သလို နှောင်းခံစားရသည်။ မောင့်အိမ်ကို ရောက်မှ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေ,နေရတဲ့ ကိုယ့်အဖြစ်ကို တွေးမိပြီး ရယ်သံလေးထွက်သွားတော့ မောင်က နှောင်းကို ကြည့်လာသည်။

ပန်းကန်ဆေးခြင်းကို လတ်စသက်ပြီး အဝတ်ခြောက်နဲ့ ရေစိုနေတဲ့လက်ကို သုတ်နေစဉ် နှောင်းငယ်ဆီက ရယ်သံကြားလိုက်ရ‌တာ‌မို့ စေ လှမ်းကြည့်လိုက်ကာ

"မောင့်နှောင်းငယ်က ဘာတွေကို သဘောကျနေတာလဲ"

"နှောင်းအဖြစ်ကို တွေးမိသွားလို့ပါ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now