💕1500+528💕

1.3K 63 1
                                    

💕 Feeling of Love 💕အပိုင်း ၂၂

"တူတူပဲ"

"ဘာကလဲ"

"နှောင်းချစ်သူနာမည်နဲ့လေ... ဟားဟားးး... ထူးဆန်းတယ်နော်... တကယ့်ကို ရေစက်ပဲ ဟားဟား... ငါ့ချစ်သူနာမည်နဲ့တူတယ်သိလား အမေ့"

လက်ခုပ်လက်ဝါးတီးကာ သဘောကျပြီးရယ်မောနေတဲ့ မ, က နောက်မှာရှိတဲ့ သူငယ်ချင်းဖြစ်သူကို လှမ်းပြောလိုက်တဲ့အချိန်မှာ ခြေထောက်ချင်းလိမ်သွားပြီး လဲတော့မလိုဖြစ်သွားတာကြောင့် စေက ခါးကနေလှမ်းဆွဲကာ ထိန်းလိုက်တော့ စေ့ရင်ခွင်ကျယ်ကြီးကို မ,ရဲ့ခေါင်းက ထိကပ်သွားသည်။

"ဒီအနံ့"

"ဟင်"

နဖူးပြင်နဲ့ စေ့ရင်ဘတ်ကိုထောက်ထားရာကနေ ပါးပြင်လေးက စေ့ရင်ဘတ်နားကပ်ကာ ပွတ်သပ်လာပြီး နှာခေါင်းလေးကပါ တိုးဝင်လာခဲ့ပြီးနောက်

"စေ့ရဲ့ရေမွှေးနဲ့... အဟင်းး... အရမ်းလွမ်းနေတာ"

နှစ်ယောက်ကြားရုံမျှသာ‌ လေသံတိုးတိုးလေးနဲ့ ပြောလိုက်ပေမယ့် စေကတော့ အသေအချာကြားလိုက်ရ‌တာမို့ ရင်တွေ ဗရမ်းဗတာခုန်လာရသည်။ တကယ်ပါ စေ့ကို ဒီလိုမျိုးရင်ခုန်အောင် လုပ်နိုင်တာ မ,တစ်ယောက်တည်းသာ ရှိလေသည်။

စေ့ရင်ဘတ်ကျယ်ကြီးထဲ ခွေးပေါက်လေးတွေလို တိုးဝှေ့ပွတ်သပ်နေတာမို့ ချစ်သူရည်းစားဖြစ်ကတည်းက တစ်ခါမှ ဒီလောက်ထိ နီးနီးကပ်ကပ်ပုံစံမျိုး မ,ဘက်က ဘယ်တုန်းကမှ မလုပ်ဖူးတာမို့ စေ့အတွက်တော့ အံ့လည်း အံ့ဩရသလို သဘောလည်းကျရသည်။ မ,ကို တစ်ခါတစ်လေ ကလေးဆန်တတ်တယ်လို့ထင်ခဲ့မိပေမယ့် ဒီနေ့လိုပုံကိုမြင်လိုက်ရတော့ တစ်ခါတစ်လေမဟုတ်ပဲ မ,က အမြဲတမ်းလိုလို ကလေးဆန်တတ်တဲ့သူမှန်း စေရိပ်မိလာရသည်။

"အဟွန်း"

စေ့ရင်ဘတ်ကို ခေါင်းမှေးတင်ကာ မူးပြီးအိပ်ပျော်သွားပြီဖြစ်တဲ့ မ,ကို ကြည့်ပြီးနှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။ ကျေနပ်ပါတယ်... တစ်နေ့လုံး စိတ်မကြည်ခဲ့တာတွေ ဝမ်းနည်းခဲ့တာတွေ အားလုံးကို စေ့ရင်ဘတ်ထဲတိုးဝင်လာပြီး လွမ်းတယ်ပြောလိုက်ရုံနဲ့တင် စေ အကျေနပ်ကြီး ကျေနပ်မိပါသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now