💕Aunty Lay💕

897 60 10
                                    

💕Feeling of Love💕 အပိုင်း ၃၅

ဒီနေ့က အလုပ်ဖွင့်ရက်မို့ ထုံးစံအတိုင်း ကပျာကယာနဲ့ ထကာ ‌ရေမိုးချိုးပြင်ဆင်ပြီး မောင့်ကို ဖုန်းဆက်တော့ မောင်က ရောက်ခါနီးပြီဟုဆိုတာကြောင့် မောင့်ကိုစောင့်ရင်း ဖုန်းသုံးနေလိုက်သည်။ လိုင်းသုံးနေရင်း မြင်လိုက်ရတဲ့ သတင်းတစ်ခုကြောင့် ဖုန်းစခရင်ပေါ်က နှောင်းရဲ့လက်ချောင်းတွေက ရပ်တန့်သွားရသည်။ မော်ဒယ်နဒီလှိုင်း မြန်မာနိုင်ငံကို မနေ့က ပြန်ရောက်လာပြီဆိုတဲ့ သတင်းကြောင့် ဘာရယ်မဟုတ်ဘဲ မောင့်ကို တွေးမိသွားပြီး မောင်အဆင်မှ ပြေပါ့မလားလို့လည်း စိတ်ပူမိသွားသည်။ နဒီလှိုင်းက မောင့်အတွက်တော့ ချစ်ခဲ့ဖူးတဲ့အချစ်ဦးလည်း ဖြစ်တဲ့အပြင် မောင်ပြောပြဖူးတဲ့ မောင်တို့လမ်းခွဲခဲ့တဲ့ အကြောင်းအရာတွေကြောင့် မောင့်ကို စိတ်ပူမိသည်။ မောင့်အတွက် နာကျင်စရာတွေကို အသစ်ပြန်ဖြစ်ပြီး ထပ်နာကျင်ရမှာကို နှောင်းမလိုချင်ပါ။

အတွေးတွေ နယ်ချဲ့နေစဥ် မောင့်ဆီကနေ ဖုန်းဝင်လာတာကြောင့် ဆင်းလာခဲ့မယ်ဟုပြောကာ မီးခလုတ်တွေပိတ်ပြီး အောက်ထပ်ကိုဆင်းလာကာ မောင်ကားရပ်ထားတဲ့နေရာကို ခပ်သွက်သွက်ခြေလှမ်းတို့ဖြင့် လျှောက်သွားလိုက်သည်။ ကားပေါ် ‌ရောက်တယ်ဆိုရင်ပဲ မောင်က နှောင်းကို လှမ်းဖက်ကာ

"မောနင်း နှောင်းငယ်"

"မောနင်း မောင်... မောနင်း ကစ်စ်"

မောနင်းကစ်စ်ဟု ပြောကာ စေ့ပါးကို လာနမ်းတဲ့ နူးညံ့တဲ့နှုတ်ခမ်းသားလေးကြောင့် စေပြုံးမိသွားရင်း နှောင်းငယ်ရဲ့ပါးပြင်ဖောင်းဖောင်းလေးကို ပြန်နမ်းလိုက်ကာ

"ကဲ ပြောပါဦး.... မနက်ခင်းကို အရမ်းတွေ တက်ကြွလန်းဆန်းနေရတဲ့အကြောင်းအရင်းလေး"

"ဟီး နှောင်းက အမြဲတမ်း Active ဖြစ်နေတာပါနော်...... ညက အိပ်ရေးဝတာကြောင့်လည်းပါမယ်ထင်တယ်"

နှောင်းငယ်ရဲ့မျက်နှာလေးက အမှန်တကယ်ပင် လန်းဆန်းကြည်လင်နေတာမို့ စေ ကျေနပ်စွာပြုံးလိုက်ရင်း

"ကဲ မောင့်နှောင်းငယ်လေး မနက်စာကို ဘာစားချင်လဲ..... အော် ဒီမှာ နှောင်းငယ်အတွက် စပျစ်သီး"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now