💕100% Falling in Love💕

2K 42 0
                                    

💕Feeling of Love 💕 အပိုင်း ၃

ပါးချိုင့်လေးနဲ့ပြုံးပြသွားတဲ့သူကြောင့် နှောင်းမတ်တပ်မေ့နေစဉ် 

🎶Maybe we're perfect strangers
Maybe it's not forever🎶

ဖုန်းဝင်လာတော့ ကြည့်လိုက်တော့ လင်းဆီက။ အရူးမ ခုမှဖုန်းလာဆက်တယ်။

"ဟယ်လို လင်း နင်ဘယ်မှာလဲ.. ငါနင့်ကို
ဘယ်လောက်ထိ လိုက်ရှာနေရလဲ သိလား"

"ဆော်ရီးပါဟယ်.. ငါ့အသိတစ်ယောက်နဲ့တွေ့လို့ပါဟ.. အခု ငါစက်လှေကားနားမှာ နင်စာအုပ်ဆိုင်မှာပဲလား.. 
ငါလာခဲ့မယ်"

"ရတယ် အဲ့ကပဲစောင့်တော့.. ငါ Market Place မှာ ဝယ်စရာရှိသေးလို့"

"အိုခေ"

ဖုန်းချလိုက်ပြီး စက်လှေကားဘက်ကို ဦးတည်လိုက်သည်။ စက်လှေကားနားမှာ စောင့်နေတဲ့ လင်းကိုခေါ်ပြီး 
Market Place ထဲ ဝင်လာလိုက်သည်။

"ဟဲ့လင်း.. ငါလေ ခုနက အဆင်တစ်ယောက်ကို
တွေ့ခဲ့တယ်သိလား"

"လာပြန်ပြီ အဆင်.. ငါတို့စသိကတည်းက နင့်မှာ 
ငမ်းလိုက်ရတဲ့အဆင်ဆိုတာလေ.. ငါသာ ရည်းစား၂ယောက် ထားလိုက်တယ် နင်အခုထိ Single ဖြစ်နေတုန်းပဲ"

"ဒါကတော့ ငါ့မှာ အချိန်မှမရှိတာဟဲ့.. ရည်းစားထားပြီးရင် သူတို့ကိုအချိန်ပေးရတာနဲ့ ပြီးတော့.... ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့"

"ဒါဆို နင်တစ်သက်လုံး တစ်ယောက်တည်းပဲ
နေသွားတော့မှာလား"

"ဟင့်အင်း မနေပါဘူး.. ငါပြောမယ် အခုတွေ့ခဲ့တဲ့အဆင်ကလေ လုံးဝ ငါ့Type ပဲ သိလား.. အရပ်ကလည်း ငါနဲ့ဆို ရင်ခွင်မှီပဲ.. မျက်လုံးလေးတွေဆိုတာကလည်း တောက်နေတာပဲ.. Zuho နဲ့ ခပ်ဆင်ဆင်လေးဟယ်.. ငါ့မှာမြင်မြင်ချင်း ရင်တွေတောင်ခုန်သွားတယ်"

"တော်ပါ.. နင်လည်း အဲ့ဒီ Idol တွေကိုပဲ ရူး‌မနေနဲ့.. 
အသက်ကဖြင့် ၃၀ပြည့်တော့မယ် နင်ကအခုထိ 
Kpop တို့၊ ရုပ်ရှင်မင်းသားတို့ကို ရူးသွပ်နေတုန်း"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now