💕Only one wish💕

1.3K 45 0
                                    

💕 Feeling of Love 💕 အပိုင်း ၁၂

အရင်က Single ဘဝနဲ့ အခုRS ဘဝ ဘာကွာသွားလဲဆို မနက်တိုင်း ချစ်သူဆီက မောနင်းဆိုတဲ့စာလေးက ဖုန်းထဲရောက်နေတတ်တာပါပဲ။ မနက်ဆို နှောင်းထက် အရင် နိုးနေကျဖြစ်တဲ့မောင်က အမြဲတမ်း နှောင်းဆီ မောနင်းဟု စာပို့ထားတတ်သည်။ ပြီးရင် နှောင်းကိုလာခေါ်ကာ မနက်စာအတူစားပြီး ကုမ္ပဏီကို လိုက်ပို့ပြီးမှ သူ့အလုပ်ကိစ္စတွေ ဆက်လုပ်သည်။ စတူဒီယိုဖွင့်ဖို့ပြင်ဆင်နေရတာနဲ့ ဒီရက်ထဲ မောင်လည်း အလုပ်ရှုပ်နေသည်။ သို့ပေမယ့် နှောင်းအတွက် အကြိုအပို့ကတော့ လုံးဝမပျက်ချေ။

မောင့်ကို မောနင်းဟုစာပြန်ပို့လိုက်ပြီး အိပ်ရာက မထချင် ထချင်နဲ့ထလိုက်သည်။ မောင့်ဆီက ဖုန်းဝင်လာတာကြောင့် ဖုန်းကိုင်လိုက်တော့ ထုံးစံအတိုင်း ဒီနေ့မတွေ့ရလို့ လွမ်းတဲ့အကြောင်းတွေပြောသည်။
မောင်စိတ်ကျေနပ်အောင်ဖုန်းပြောပြီးမှ မျက်နှာသစ်ကာ နှောင်းအကြိုက် Pucci Custard ပေါင်မုန့်ကို အဆာမလွန်အောင်စားထားလိုက်သေးသည်။ နှောင်းက မနက်အိပ်ရာနိုးတာနဲ့ ဗိုက်ဆာတတ်တဲ့သူဖြစ်တာကြောင့် အဆာပြေတစ်ခုခုတော့စားထားမှရသည်။ အလွန်ဆုံးနှောင်းလစ်မစ်က နာရီဝက်ပါပဲ။ နိုးနိုးချင်း နာရီဝက်အတွင်း တစ်ခုခုမစားထားဘူးဆို တစ်နေ့လုံးရင်ခံပြီး
နေရတာ အဆင်မပြေ။

မေမေရှိတုန်းကတော့ မေမေက အမြဲအဆင်သင့် စားဖို့သောက်ဖို့လုပ်ပေးနေကြဖြစ်ပြီး နိုးတာနဲ့ မျက်နှာသစ်ပြီး မနက်စာတန်းစားရုံသာ။ တစ်ခါတစ်လေ ရေပါတစ်ခါတည်း ခပ်သွက်သွက်ချိုးလိုက်ပြီး မနက်စာစားပြီးမှ အလုပ်သွားဖို့ပြင်ဆင်တတ်သေးသည်။ မေမေမရှိတဲ့နောက်ပိုင်း နှောင်းမှာ ပေါင်မုန့်ကို အမြဲဆောင်ထားရသည်။ နိုးတာနဲ့ မျက်နှာသစ် ရေနွေးလေးနဲ့ ပေါင်မုန့်လေးစားပြီးမှ ရေချိုးပြီး အလုပ်သွားဖို့ပြင်ဆင်တာမျိုးပေါ့။ ခုရည်းစားရသွားတော့ပိုဆိုး။ မောင်က နှောင်းနဲ့မနက်စာအတူတူစားချင်တယ်ဆိုတာကြောင့် နှောင်းမှာ မနက်တိုင်း ပေါင်မုန့်ကို အဆာပြေအောင် အရံသင့်စားထားရသေးသည်။ နှောင်းရဲ့နိုးတာနဲ့ဗိုက်ဆာတတ်တဲ့အကျင့်အကြောင်း မောင်မသိသေးပေ။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now