💕 Feeling of Love💕 အပိုင်း ၃၄
"နင်တို့နှစ်ယောက် ရန်ဖြစ်ထားတာလား"
"ဟင်"
တီမြိုင်တို့နဲ့ထမင်းစားနေရင်း နှောင်းက မေးလာတာမို့
လင်း ကိုယ်လေး ဆတ်ခနဲတုန်သွားသည်။ရောင်နီက နားမလည်သလိုဖြင့်
"ငါတို့ကိုပြောတာလား"
"အင်း...... နင်နဲ့လင်းကို ကြည့်ရတာ ရန်ဖြစ်ထားသလိုပဲ"
"မဖြစ်ပါဘူး နှောင်းရယ်... ပုံမှန်ပါပဲ"
"မသိပါဘူး ငါက ငါမရှိတဲ့ရက်အတွင်းမှာ ဦးများ နင့်ကို အနိုင်ကျင့်ထားတာလားလို့"
"ဟင်... မဟုတ်... မဟုတ်ပါဘူး နှောင်းရဲ့... စားစရာရှိတာသာ စားပါ"
နှောင်းအပြောကို လင်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလာတာကြောင့် နှောင်းမျက်လုံးတို့ကို မှေးစင်းက ဦးနဲ့လင်းကို သေချာကြည့်လိုက်မိသည်။ ဘာဖြစ်ထားကြမှန်းတော့ မသိပေမယ့် တစ်ခုခုတော့ ဖြစ်ထားကြတာ ကြိမ်းသေသည်။
တီမြိုင်တို့အိမ်မှာ စားသောက်ပြီးစီးချိန်မှာတော့ စကားအနည်းငယ်ပြောပြီး နှောင်းတို့က အိမ်ပြန်ကြသည်။ လင်းရဲ့အဆောင်ကို မောင်နဲ့နှောင်းက ကားနဲ့လိုက်ပို့ပေးပြီးနောက် မောင်က နှောင်းကို လိုက်ပို့ပေးလေသည်။
နှောင်းအခန်းထိကို နှောင်းရဲ့Luggage ကို ကူသယ်လာပေးတဲ့မောင့်ကို နှောင်းက ဆုချတဲ့အနေနဲ့ အခန်းထဲရောက်မှ မောင့်နှုတ်ခမ်းကို ပြွတ်စ်ခနဲ နမ်းလိုက်မိသည်။ သို့ပေမယ့် မောင်ကတော့ နှောင်းနှုတ်ခမ်းတစ်ခုလုံးကို ထူပူသွားအောင် နမ်းပြီးမှ ပြန်သွားသည်။
မောင်ပြန်သွားတော့ နှောင်းလည်း ရေမိုးချိုးဖို့ပြင်ဆင်လိုက်ပြီး ရေချိုးခန်းထဲက မှန်ရှေ့မှာ ရပ်နေရင်း အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိရင်း မောင့်အိမ်ကအဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာတာမို့ ကြက်သီးများထသွားပြီး ရေသာ မြန်မြန်ချိုးလိုက်မိသည်။ ဆပ်ပြာတိုက်ရင်း မောင်ထိတွေ့ထားတဲ့ နှောင်းရဲ့ရင်သားလေးတွေဆီကို လက်ကအရောက် မောင့်ကိုပဲ မြင်ယောင်လာတာမို့ ခေါင်းကို ခါလိုက်ကာ မှောင်မိုက်နေတဲ့အတွေးတွေကို မောင်းထုတ်လိုက်ရသည်။ နှောင်းတောင် ဒီလိုဖြစ်နေတာ မောင်ဆိုရင်ရော.........