Chapter 2 (Uni)

1.8K 99 0
                                    

"လေးငယ်ရေ လေးငယ်... ကျွန်တော်ဆယ်တန်းအောင်တယ်ဗျာ့.... ဂုဏ်ထူး၃ခုတောင်ပါသေးတယ်..."

"ဟ... တယ်ဟုတ်ပါလားကွ.. ဖိုးချမ်းရ... ဘာလိုချင်လဲ လေးငယ် လက်ဆောင်ပေးမယ်..."

"မယူတော့ပါဘူး လေးငယ်ရယ် ကျွန်တော့်ကို ကျေွးမွေးစောင့်ရှောက်ထားတာကိုပဲ ကျွန်တော်ကျေးဇူးတင်နေပါပြီ"

"မဟုတ္တာပဲကြာ....ဒါနဲ့ မင်းအမေနဲ့အဖေဆီ ဖုန်းမဆက်တော့ဘူးလား..."

"ကျွန်တော်အကြောင်းဆို ကြားချင်မှာမှမဟုတ်တာ လေးငယ်ရာ သူတို့လည်း သူတို့အလုပ်နဲ့ အားချင်မှအားမှာ... မဆက်တော့ပါဘူး.... ကျွန်တော်လေးငယ်ကို ကန်တော့ပါရစေနော်..."

"အေးပါကွာ သာဓု...သာဓု...သာဓု.... ဒါနဲ့မင်းဆယ်တန်းပြီးပြီဆိုတော့ မင်းဘာဆက်လုပ်မလဲ ဘယ်တက္ကသိုလ် တက်ဖို့စိတ်ကူးထားလဲ..."

"ကျွန်တော်က အတွက်အချက်ပိုင်းကို စိတ်၀င်စားတယ်... ကျွန်တော်စီးပွားရေးတက္ကသိုလ်တက်မယ်ဗျာ... အခုတော့ ကျွန်တော် အချိန်ပိုင်းအလုပ်လေးစုံစမ်းပြီး အလုပ်လုပ်မယ်။ လေးငယ်ကို ကျွန်တော်ပြန်ပြုစုပါရစေ ပိုတဲ့လခ ကိုတော့စုထားပြီး သင်တန်းလေးတွေတက်မယ်လို့တော့ စိတ္ကူးထားတာပဲ..."

"ကောင်းပါတယ်ကွာ မင်းသဘောပဲ လေးငယ်က တစ်ကိုယ်တည်းသမားဆိုတော့ စိတ်မပူပါနဲ့ကွာ ပြီးတော့ ငါ့တူ အလုပ္ကို ကျောင်းမတက်ခင်ထိပဲလုပ်ရမယ်နော်...ဒါကလည်းအတွေ့အကြုံရှိအောင်ပေါ့... ကျောင်းတက်ရင် တော့ စာပဲအာရုံစိုက်ရမယ်.. ကြားလားဖိုးချမ်း ....."

"ဟုတ်ကဲ့ပါလေးငယ်ရယ် လေးငယ်သဘောပါပဲဗျ... အာ့ဆို... ကျွန်တော် နားတော့မယ်နော်..."

"ဟုတ်ပါပြီဗျာ..."

လေးငယ်... ကျွန်တော့်အမေရဲ့ တစ်ဦးတည်းသောမောင်လေး... အကိုလိုတစ်မျိုး ဦးလေးလိုတစ်မျိုး ချစ်ခင်လေး စားရတဲ့ ကျွန်တော့်ရဲ့ အုပ်ထိန်းသူဖေဖေနဲ့မေမေကွဲသွားပြီးတဲ့နောက်ပိုင်း ဦးလေးကပဲ အစစအရာရာ စောင့်ရှောက်ခဲ့တာ။ လေးငယ်က တစ်ကိုယ်တည်းလူပျိုကြီးဆိုတော့ အေးအေးလူလူပါပဲ။ အခုဆို ကျွန်တော် ဆယ်တန်းအောင်ပြီ။ လေးငယ်ကို ပြန်လုပ်ကျေွးရမယ့်အချိန်ရောက်ပြီလေ။ ကျွန်တော်ကြောင့် လေးငယ် စိတ်မပျက်စေရပါဘူး။ ကျွန်တော်ကတိပေးပါတယ်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Where stories live. Discover now