Chapter 11 (Uni)

851 48 13
                                    


တံခါးပေါက်မှာ ပိတ်ရပ်နေတဲ့သူတွေကြောင့် ချမ်း အပြင်ထွက်ဖို့ ခက်ခဲနေလေသည်။ အပေါက်မှလူများကို တိုးပြီး အပြင်ရောက်အောင် မနည်းထွက်ခဲ့ရသည်။ အပြင်ရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းမှာ စိတ်တိုစရာပင်။ ကျောင်းသူလေးများကြားတွင် သွားကြီးဖြီးလျက် ဓာတ်ပုံရိုက်နေသော ဇေ ကြောင့်ပင်ဖြစ်သည်။ သူရောက်နေမှန်း သိရဲ့လားတောင်မသိ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ ဓာတ်ပုံရိုက်နေသည်မှာ အမြင်ကပ်စရာ ကောင်းသည်။ 

 ဇေ ချမ်းထွက်အလာကိုစောင့်ရင်း ၀င်ပေါက်နှင့်ခပ်လှမ်းလှမ်းတွင် ရပ်နေချိန် ကောင်မလေးတစ်စုထွက်လာပြီး ဓာတ်ပုံအတူတူရိုက်ပါရစေလို့ တောင်းဆိုလာသဖြင့် ရိုက်ပေးခဲ့သည်။ ဓာတ်ပုံရိုက်နေစဉ်တွင် သူ့အားတစ်ယောက် ယောက်မှ စိုက်ကြည့်နေသလို ခံစားလာရသောကြောင့် ဘေးဘီကို ကြည့်လိုက်ရာ ချမ်း၏မျက်စောင်းနဲ့ ဒိန်းကနဲ ထိုးခံလိုက်ရသည်။ 

ခပ်ပြုံးပြုံးလေးရယ်ပြရင်း ဓာတ်ပုံဆက်ရိုက်နေလေသည်။ ကောင်မလေးများမှာလည်း ကိုယ်ချင်းမစာနာကြပေ။ ဓာတ်ပုံအလုအယက်ရိုက်နေကြသည်မှာ စိတ်ရှုပ်စရာကောင်းသည်။ သို့သော်လည်း ဆယ်လီတစ်ယောက်မို့ မရိုက်ချင်သော်လည်း ဖန်လေးတွေ စိတ်မကောင်းမည်စိုး၍ရိုက်နေရသည်။ ချစ်ရသူကောက်တော်မူမှာကိုလည်း စိုးရသေးသည်။ 

 စိတ်ကျေနပ်သွားကြသော ကောင်မလေးများ ထွက်သွားတော့မှပဲ သက်ပြင်းချရင်း ချမ်းအနားကပ်သွားလိုက် သည်။ ကိုယ်တော်လေးမှာ ကောက်တော်မူနေလေပြီ။ ကဲ အမောင်ဇေရေ ထုံးစံအတိုင်း ချော့ပေဦးတော့ဗျို့ 

စိတ်ထဲ အသံတိတ်အားပေးရင်း ချစ်သူလေးကိုချော့ရတော့သည်။ 

"ကေလး" 

"..." 

"ချမ်းလေးလို့" 

"..." 

"ကိုကိုမကောင်းတာပါကွာ အဲ့ကောင်မလေးတွေနဲ့ ဓာတ်ပုံမရိုက်သင့်ဘူးနော်..." 

"ဘာလို့လာပြောနေလဲ မေးမိလို့လား" 

"သြော် ကလေးရယ် ကိုကိုက မေးမှ ပြောရမှာလား ကြည့်ပါဦး ဘဲကလေးနဲ့တူနေပြီ နှုတ်ခမ်းလေးကို ဆူလို့ အဟင်း ကိုကို့စိတ်ကို လာစမ်းနေတာလား" 

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Where stories live. Discover now