Chapter 22 (Uni)

878 45 9
                                    

နေ၀င်ချိန်အလှက လွန်စွာအသက်၀င်လျှက်ရှိသည်။ နေ့ခင်းက အရှိန်ပြင်းပြင်းဖြင့် အပူပေးခဲ့သော နေ၀န်းကြီး မွာ အခုချိန်တွင် အရောင်များဖျော့တော့ကာ အနောက်ဘက်အရပ်သို့ တဖြည်းဖြည်း ၀င်ရောက်ပျောက်ကွယ်နေ လေပြီ။ ကောင်းကင်မှ တိမ်များမှာလည်း အရောင်မျိုးစုံ တောက်ပနေတော့သည်။

ကမ်းခြေတွင် နေ၀င်ဆည်းဆာကြည့်ရသည်မှာ လွမ်းမောဖွယ်ရှိလေသည်။ ပင်လယ်မှ လှိုင်းရိုက်သံများမှာလည်း နား၀င်ချိုလှသည်။ နေ၀င်ချိန်ရောက်သည်အထိ တချို့သူများမှာ ရေကစားလျှက်ရှိနေကြသည်။

တစ်ယောက်သောသူမှာတော့ ကမ်းခြေရှိ သဲသောင်ပြင်တွင် ခေါင်းငိုက်စိုက်ကျလျှက် လမ်းလျှောက်နေသည်။ ဘယ္ကို ဦးတည်သွားနေသည် ဆိုတာကိုတော့ သူကိုယ်တိုင်မသိပေ။

စိတ်ညစ်ညစ်နှင့်ထွက်လာခဲ့သည်မို့ ဖုန်းတောင်ပါမလာပေ။ ခန့်ကို သူမျှော်လင့်ချက်မပေးချင်။ သူအစထဲက သူ့ကို ခန့်စိတ်၀င်စားနေမှန်း သိနေပါသည်။ သူ့လို ဖြစ်မှာစိုးရိမ်သည်။ သူ့လိုမျိုးလမ်းပျောက်နေသူတစ်ယောက်မဖြစ်စေ ချင်ပါ။ ခန့်ကို မြင်မြင်ချင်းထဲက ညီလေးတစ်ယောက်လိုခင်ပါသည်။ သို့သော် အရောမ၀င်။ သူအရော၀င်လိုက်လို့ ခန့်ကို မျှော်လင့်ချက် ပေးသလိုဖြစ်မှာ သူမလိုလားပါ။ ရောက်တတ်ရာရာတွေးပြီး ခြေဦးတည့်ရာလျှောက်သွား နေတော့သည်။

"ခန့်..."

"အင်း... ဖိုးချမ်း ဘာလာလုပ္တာလဲ..."

"မင်းကြည့်ရတာ မျက်နှာမကောင်းပါလား... ဘာဖြစ်လို့လဲ... ပြီးတော့ ကိုဟိန်းထက်ရော..."

"အပြင်ထွက်သွားတယ်..."

"ပြန်ခေါ်လိုက်တော့လေ... ကိုဇေက မှာလိုက်တယ် ညစာသွားစားကြမယ်တဲ့..."

"သူဖုန်းယူမသွားဘူး..."

"သြော်... မင်းဘာဖြစ်နေတာလဲ... အားပျက်နေတာလား..."

"ငါ... ငါ အကို့ကိုဖွင့်ပြောလိုက်ပြီ..."

"ဟင်... တကယ်ကြီးလား... ဘာတဲ့လဲ..."

မျှော်လင့်ချက်ကြီးစွာဖြင့် မေးလာသော ချမ်းကို ခန့်အားနာမိသည်။ သူ ဟိန်းအကြောင်းကိုသိနေသော်လည်း ပြောပြရန်မသင့်။ အဘယ်ကြောင့်ဆိုသော် ဟိန်းချစ်နေသူမှာ သူ့အချစ်ဆုံးသူငယ်ချင်း၏ ချစ်သူဖြစ်နေသည် မဟုတ်ပါလား။ ဘယ်လိုပဲဖြစ်နေပါစေ သူချစ်ရသူကိုတော့ အထင်သေးမခံနိုင် အထူးသဖြင့် ကာယကံရှင်ကိုပေါ့။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora