Chapter 27 (Zawgyi)

345 10 1
                                    

ခြံထဲတွင် ရှိသော ဒန်းလေးပေါ်သို့ ထိုင်ရင်း အတိတ်က အကြောင်းအရာများဆီသို့ စိတ်ပျံ့လွင့်နေလေသည်။ ဒီဒန်းလေးပေါ်မှာ သူအိပ်စက်ခဲ့ဖူးသည်။

တစ်ယောက်သောသူ၏ ပေါင်ကို ခေါင်းအုံးရင်းပေါ့။ သူ့ကို သိပ်ချစ်ခဲ့ သော လူသားကို သူမမြင်နိုင်ခဲ့၍ နောင်တကြီးစွာရနေမိသည်။

တကယ်ဆို စိတ်ချင်းဆက်နေသည်မို့ ဒီကိစ္စကို သူသိသင့်သည်မဟုတ်ပါလား။ အချစ်ခံနေရတာ သာယာစရာပင်ဖြစ်ပေသည်။

သို့သော် သူ့အချစ်နှင့် သူမထိုက်တန်ဘူးဟု သူ့ကိုယ်သူ အပြစ်တင်နေမိသည်။

"ကိုကို..."

"ချမ်းလေး... လာလေ..."

"ကိုဟိန်းထက် အကြောင်းတွေးနေတာလား..."

"ဟုတ်တယ် ချမ်းရယ်... ကိုယ် အရမ်းမှားသွားပါတယ်ကွာ... အခုဆို တစ်နှစ်တောင်ရှိနေပြီ ဟိန်းရဲ့ သတင်း အစအနတောင်မရဘူး... သူတော်တော်နေနိုင်တာပဲကွာ... "

"ကျွန်တော်အမှားတွေလည်း မကင်းပါဘူး ကိုကိုရယ်... စိတ်မကောင်းမဖြစ်ပါနဲ့... ကိုကိုတို့ ဖူးစာမှန်ရင် ပြန်စုံနိုင်မှာပါ..."

"အင်းပါ..."

"မာမီက ထမင်းစားခေါ်ခိုင်းလိုက်လို့ လာ သွားမယ်လေ..."

"ကိုကို မစားချင်ဘူး ချမ်း..."

"မစားပဲတော့ မနေပါနဲ့ ကိုဟိန်းထက်ကိုပြန်တွေ့လို့ ကိုကိုဒီလိုနေနေတာသိရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်..."

"အင်းပါ... သွားမယ်လေ..."

ယခုဆိုလျှင် ချမ်းမေမေ နှင်းဆီနှင့်လေးငယ်မှာ ဇေတို့မိသားစုနှင့်အတူ နေထိုင်နေကြလေပြီ။ ချမ်းမြေ့သည် ယခုတွင် Shinning Star Co;ရဲ့ ဒုတိယ အမွေဆက်ခံသူအဖြစ် ကြေညာခံထားသည်။ ပျောက်ဆုံးနေသော သား ဖြစ်သည်မို့ အားလုံးလည်း လက်ခံကြသည်။ သို့သော် နာမည်ကိုတော့ ချမ်းမြေ့ဟုသာ ထား၍ ကြယ်စင်ရှိုင်း နာမည်ကိုတော့ မပြောင်းခဲ့ပါ။

တစ်နှစ်ဆိုသော အချိန်တစ်ခုသာ ကုန်လွန်သွားခဲ့သော်လည်း ဟိန်းမှာ ပျောက်ချင်းမလှ ပျောက်နေလေသည်။ social mediaကနေသာမက သတင်းစာထဲထိ စာတွေထုတ်ထားတာတောင် ဟိန်း၏ သတင်းကိုမရ။ ဟိန်းမိဘတွေနှင့် ကြီးမေတို့မှာလည်း အတတ်နိုင်ဆုံးရှာနေကြပါသော်လည်း ခုချိန်ထိ မတွေ့ရသေးပေ။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Место, где живут истории. Откройте их для себя