Chapter 8 (Zawgyi)

283 13 0
                                    

ကျောင်းပိတ်ရက်တစ်ရက်မှာ ဟိန်းတစ်ယောက် ဇေနဲ့ချိန်ထားသည်မို့ အိမ်မှ ခပ်စောစောထွက်ခဲ့လိုက်သည်။ ဇေ ကျောင်းလစ်တာများသည်မို့ စာရှင်းပြဖို့အတွက် စာအုပ်တွေလည်း ယူလာရသေးသည်။ ကျောင်းဖွင့်ချိန်တွေမှာ ကျောင်းထဲမှာ မတွေ့ဖြစ်သည်ကများသည်။ ကျောင်းသွား ကျောင်းပြန်သာ အတူတူသွားလာနေကြသော်လည်း ဇေမှာ ချမ်းရဲ့ အတန်းဘက်သာသွားနေသည်မို့ သူတစ်ယောက်ထဲဖြစ်နေတတ်သည်။

"ဇေ.. မင်းအတန်းလည်းမတက်ဘူး... အတန်းပျက်တာတွေလည်းများနေပြီနော်.... ဆရာမက မင်းကိုမေးနေပြီ... ဇေ... ဇေ.... ငါပြောနေတာမင်းကြားရောကြားရဲ့လား... မင်းဘာဖြစ်နေတာလဲ..."

"ဟိန်း.... ငါ....... ချမ်းကို ချစ်မိနေပြီ......"

"ဘာ..."

"ဟုတ်တယ်... ငါ့ကိုယ်ငါသေချာမေးပြီးသွားပြီ.... ငါ ချမ်းကို ချစ်တယ်....."

"မင်းနားမှာ ကပ်နေတဲ့ ကောင်မလေးတွေအများကြီးပဲကို.. ဘာလို့ကောင်လေးကိုမှ ချစ်ရတာလဲကွာ... မဟုတ်သေးပါဘူး..."

"ငါလည်းမသိတော့ဘူးကွာ.... ငါဘာဆက်လုပ်ရမလဲဟိန်း.... ကူပါဦးကွာ....ငါတကယ်ရူးတော့မယ်..."

"ငါတော့ ဘာမှမသိတော့ဘူး.... ကိုယ့်ဘာသာကြည့်ရှင်းတော့... ငါပြန်တော့မယ်..."

"ဟိန်း.. မင်းကလည်းကွာ... ငါ့မှာ အခင်ဆုံး အရင်းနှီးဆုံးဆိုလို့ မင်းပဲရှိတာ.. မင်းနဲ့တိုင်ပင်ပါတယ်ဆိုမှ မင်းကငါ့ကို ဒီလိုထားသွားတော့မှာလား..."

"အေးပါကွာ.... ငါစဉ်းစားလိုက်ဦးမယ်... မင်းကို ဘယ်လိုကူညီရမလဲဆိုတာ..."

ဇေရာ မင်းငါ့အချစ်တွေကို ဘာလို့မမြင်တာလဲကွာ မင်းငါ့ကို ဒီလိုနှိပ်စက်နေမယ့်အစား သတ်ပစ်လိုက်ပါတော့လား ကွာ... မင်းစိတ်ချမ်းသာအောင် ငါစီစဉ်ပေးပါ့မယ်ကွာ ငါက အဖြည့်ခံလူပါကွာ... နီးနီးလေးရှိနေပေမယ့် အမြဲဝေး နေရတဲ့သူ... ကိုယ့်ချစ်ရတဲ့သူပျော်ဖို့အတွက် ငါ့နှလုံးသားကို စတေးပေးရမှာပေါ့ကွာ... ဒါ ငါမင်းကိုသိပ်ချစ်လို့ ပေးတဲ့လက်ဆောင်ပါ ဇေ မင်းပျော်ပါစေ။

××××××

"ချမ်းမြေ့..."

"ဗျာလေးငယ်..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora