Chapter 34 (Uni)

1.1K 32 1
                                    

ထိုညက ကောင်းကင်မှာ ကြယ်လေးတွေ စုံလင်စွာ လင်းလက်နေတော့သည်။ ပျော်ရွှင်ညလေးတစ်ခုပင် မဟုတ်ပါလား။ ဇေ အလွန်ပျော်နေမိသည်။ အကြောင်းမှာ ဟိန်းက အားလုံးကို သူတို့ချစ်သူတွေဖြစ်နေပြီဆိုသည် ကို ဖွင့်ပြောလိုက်ခြင်းကြောင့်ဖြစ်သည်။

"ဇေ..."

ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသော ဇေကို ဟိန်း ခေါ်လိုက်သည်။

"ဟိန်း လာလေ... ကောင်းကင်ကြီးမှာ ကြယ်တွေအပြည့်ပဲ..."

"ကြယ်တွေက မင်းလောက်မလှလား ဇေ..."

"ဟင်..."

"ချစ်တယ် ခ်စ္တယ္ဆိုတာထက္ကို ပိုပြီးချစ်တယ်..."

"ဟိန်းရယ်... ငါလည်း မင်းကိုအရမ်းချစ်တာပဲ..."

"အဲ့ဒါဆို လာ အိပ်ကြမယ်..."

"အိပ်ပဲအိပ်မှာနော်..."

"ဟမ်... မအိပ်လို့ ကိုယ္က ဘာလုပ်ရမှာလဲ ဇေရဲ့..."

"မသိဘူးလေ..."

"မသိတာများပြောနေသေးတယ်... လာ အိပ်မယ်... မနက် မာမီတို့လာမှာလေ..."

"သွားကြိုရမှာလား..."

"မကြိုရပါဘူး... မြိုင်မဟာခြံလို့ပြောရင် လူတိုင်းသိပါတယ်..."

"သြော် အဲ့လိုလား..."

"အင်း... ပြွတ်... ချစ်တယ် အရမ်းချစ်တယ်..."

"ဟိန်း မင်းတော်တော်ဆိုးနေနော်..."

ထိုညက သူတို့နှစ်ယောက်အတွက် ချိုမြိန်ခဲ့လေသည်။ သူတို့ ပျော်ရွှင်စရာ ဘ၀လေးတစ်ခု ဖန်တီးနိုင်တော့မည် မဟုတ်ပါလား။

တစ်ဖက်တွင်...

ထည်ဝါတစ်ယောက် ချမ်းအခန်းထဲတွင် အိပ်မည်ဖြစ်သောကြောင့် ချမ်းအခန်းဆီသို့ ပြေး၀င်ခဲ့သည်။ သို့သော်လည်း ချမ်းကို အားနာသဖြင့် ကုတင်ပေါ်တွင် မအိပ်ဘဲ ကြမ်းပြင်တွင်သာ အိပ်ရန် သူပြင်သည်။ စိတ်ထဲတွင်တော့ ချမ်းနားကပ်ကာ အိပ်ချင်မိသည်။

"အကို..."

"ချမ်း... ကိုမင်းလို့ပဲ ခေါ်ပါဆို..."

"သြော်.... အင်း ကိုမင်း... အပေါ်လာအိပ်လေ..."

"နေပါစေ... အကိုက အောက်မှာ အိပ်တတ်တယ်ရယ်..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora