Chapter 21 (Uni)

804 41 4
                                    

ညေန နေအေးချိန်တွင် သဲသောင်ပြင်ပေါ်သို့ထွက်လာသော ကောင်လေး လေးယောက်။ ကမ်းခြေမှ ကောင်မလေး မ်ားသာမက ကောင်လေးများ၏ အာရုံစိုက်မှုကို ခံရသည်။ လေးယောက်လာသော်လည်း နှစ်ယောက်တစ်တွဲ ဖြစ်နေသည်။ ဇေနှင့်ချမ်းမှာ တစ္တြဲ၊ ဟိန်းနှင့်ခန့်မှာ တစ်တွဲဖြစ်နေသည်။

"ကိုဇေ..."

"ဗ်ာ..."

"ရေဆော့မှာနော်..."

"ဟောဗျာ... ဆော့ချင်တယ်ဆိုလို့ လိုက်ပို့တာလေဗျာ... ပြောစရာလိုသေးလို့လား..."

"ပြီးရော... ကျွန်တော်က ရေကြိုက်တယ်ဗျ... ဆင်းပြီးရင် ပြန်မတက်ချင်ဘူး..."

"အရင်ဘ၀က ငါး၀င်စားတာလေ..."

ခန့်က သူတို့နှစ်ဦးကြားထဲမှ ၀င်ပြောလေသည်။ ဇေကတော့ ပြုံးစိစိဖြင့် ချမ်းကိုကြည့်လိုက်သည်။ ချမ်းကတော့ ခန့်ကို မျက်စောင်းတွေလွှတ်ထိုးနေတော့သည်။ ဟိန်းကတော့ ခပ်အေးအေးပင် ပင်လယ်ဘက်သို့ မျက်နှာမူနေ လေသည်။

"ကဲကဲ... ရေဆော့မှာဆို... ကိုကိုဘောကွင်းသွားငှားလိုက်ဦးမယ်..."

"ဟုတ်..."

ခန့်ဘက်သို့လှည့်ကာ မဲ့ရွဲ့ပြနေလေသည်။ ပြောင်ချော်ချော်လုပ်နေသည်မို့ ခန့်ကိုကြည့်မရ။ ရုတ်တရတ် ဟိန်းက ခေါင်းကို လာခေါက်သည်။

"အာ့... အကို..."

"ပြောင်ချော်ချော်နဲ့ နည်းနည်းပါးပါး တည်ငြိမ်ပါဦးလား..."

"ဟုတ်... အကိုပြောတာဆိုရင်တော့ ကျွန်တော် တည်ငြိမ်နိုင်အောင် ကြိုးစားပါ့မယ်..."

"ပြီးရောကွာ... နောက်ဒါမျိုးမမြင်ချင်ဘူး ငါမျက်စိနောက်တယ်..."

"ဟုတ်ကဲ့ပါ... ဟီး..."

ဟိန်းလည်း သူတို့ကို လိုက်ဂရုစိုက်နေရသည်။ ကလေးတွေမဟုတ်ကျသော်လည်း စိတ္ခ်ထား၍မရ။ ဇေတစ်ယောက်လုံးပါနေသော်လည်း ဇေကိုယ်တိုင်ကပါ သတိလက်လွတ်နေတတ်သူမို့ သူလိုက်ဂရုစိုက်နေရသည်။ ရေဆော့ရတာကို နှစ်သက်သော်လည်း သူမဆော့ချင်။ စိတ်တွေလေးနေသည်။ ဇေအကြောင်းကို သိနေသည်မို့ သူစိတ်လွတ်လက်လွတ်မဆော့ရဲပါ။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora