Chapter 25 (Uni)

1K 39 4
                                    

လွန်ခဲ့သော နှစ်နှစ်ဆယ်အချိန်က

ကြီးမားလှသော ၂ထပ်အိမ်ကြီးမှာ နန်းတော်ကြီးနှင့်ပင်တူလှပါသည်။ ခြံထဲတွင်လည်း ပန်းမျိုးစုံေ၀ေ၀ဆာဆာ ပွင့်နေသည်။ အပင်များမှာလည်း နေရာတကျစိုက်ပျိုးထားသဖြင့် အလွန်လှပနေပါသည်။ ခြံထဲသို့၀င်လိုက်သည်နှင့် နန်းတော်ကြီးနှင့်တူလှသော အိမ်ကြီးကို ကောင်းကောင်းမြင်လိုက်ရပါသည်။ ဒီလိုအိမ္ကို ကြည့်ခြင်းအားဖြင့် သာမန်လူတန်းစား၏နေအိမ်တော့ မဖြစ်တန်ရာ။ ထို့အတူ ရိုးရိုးသာမန်ချမ်းသာသော အိမ်မျိုးလည်းမဟုတ်ပေ။ ထိုအိမ်ကြီးမှာ ရှိုင်းမဟာစံအိမ်ကြီးပင်ဖြစ်သည်။ ယခုအချိန်တွင် Shinning Star ကုမ္ပဏီပိုင်ရှင်၏ နေအိမ်ဖြစ်သည်။

"နှင်းဆီ အထဲ၀င်လာလေ..."

"ဟုတ်ကဲ့ ကြီးကြီး..."

"မမေလး ဒါ ဒေါ်ဒေါ်ပြောတဲ့ မနှင်းဆီလေ..."

"သြော်... အသက်ငယ်ငယ်လေးပဲကို... မမက ဒီလောက်ငယ်မယ်ထင်မထားဘူးကွယ်..."

"နှင်းဆီ... ဒါ ဒီအိမ်ရဲ့ ပိုင်ရှင်ပေါ့... မမလေးယမင်းနွယ်တဲ့... မှတ်ထားနော်..."

"ဟုတ်ကဲ့ ကျွန်မနာမည်နှင်းဆီပါ မမလေးရှင့်..."

"မမယမင်းလို့ပဲခေါ်ပါကွယ်... ဒေါ်ဒေါ်ကလည်း ယမင်းလို့ပဲ ခေါ်ပါပြောထားရဲ့နဲ့..."

"မဟုတ္တာ မမလေးရယ် မမလေးရဲ့ အဖေတို့ကျေးဇူးတွေက ဒေါ်ဒေါ်တို့အပေါ်မှာအများကြီးပါကွယ်... အခုလို လိုက်စောင့်ရှောင့်ခွင့်ရတာကို ကျေးဇူးတင်လှပါပြီ..."

"မဟုတ္တာ ဒေါ်ဒေါ်ရယ် အချင်းချင်းတွေပဲ... ဒါနဲ့ နှင်းဆီလေးလည်း ပင်ပန်းလာရောပေါ့ မနက်မှ အလုပ်စလုပ်ပါ အခုတော့ နားဦးလေ... "

"ဟုတ်ကဲ့ပါ မမေလး..."

"သြော် ခက်ပြီ... မမယမင်းလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါဆို..."

"ဟုတ်ကဲ့ပါ မမယမင်း..."

နှင်းဆီ ဆိုတဲ့အမျိုးသမီးလေးတစ်ဦးဟာ မိသားစုအခြေအနေကြောင့် ဆင်းရဲချို့တဲ့ တဲ့ တောရွာလေးကနေ အခုလို ရန်ကုန်မြို့ကြီးဆီကို အသိအားကိုးနဲ့ ရောက်လာခဲ့လေသည်။ သူအလုပ်၀င်ရသောအိမ်မှာ ရှိုင်းမဟာစံအိမ်ကြီး တွင်ဖြစ်သည်။ ဒီအိမ်ကြီး၏ အိမ်တော်ထိန်းမှာ မိမိတို့နှင့် ဆွေမျိုးနီးစပ်တော်သူဖြစ်လေရာ သူက အလုပ်ခေါ်သဖြင့် အမေဖြစ်သူနှင့်မောင်ဖြစ်သူတို့ကို ရွာမှာထားကာ မြို့သို့တက်လာခဲ့ခြင်းဖြစ်သည်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora