Chapter 29 (Uni)

996 47 0
                                    

ပြင်ဦးလွင်၏ အေအးဓာတ်ကေတာ့ ကျောထဲထိပင် စိမ့်နေအောင်အေးလျှကျရှိသည်။ အချိန်အားဖြင့် ၈နာရီ ရှိလေပြီ။ ဇေ ခုချိနျထိ အိပ်ရာမှမထနိုင်သေးပေ။ အအေးကြိုက်သူဖြစ်သော်လည်း အအိပ်မက်သော သူပင်ဖြစ်သည်။ အေးနေချိန် စောင်ခြုံထဲကွေးနေရသော အရသာကို အလွန်ကြိုက်လေသည်။

ညကတည်းက ဟိန်း၏ အကြောင်းစုံကို ရန္ကုန္က သူတွေဆီသို့ သတင်းပို့ပြီးလေပြီ။ ဟိန်း၏ မိဘမ်ားကေတာ့ ချက်ချင်းလိုက်လာချင်သော်လည်း အလုပ်ကိစ္စရှိနေသေးသည်မို့ ချက်ချင်းလိုက်မလာကြသေးပေ။ ချမ်းနှင့် ခန့်ကတော့ ကျောင်းတက်နေသည်မို့ လာချင်သော်လည်း လာမရ။ ဇေ ခွင့်မပြုတာလည်း ပါသည်။ ဟိန်းသည် သူတို့နှင့်တွေ့ရမည်ဆိုလျှင်ပင် သူသိမွာ မဟုတ်သေး။ သူ ဟိန်း ပြန်မှတ်မိဖို့ရာအတွက် သူကြိုးစားရပေဦးမည်။

ဇေနှင့် ဦးပိုင်တို့မှာ တစ်ယောက်တစ်ခန်းနေကြသည်။ ဟိန်း၏ အိမ်တွင် အိပ်ခန်းသုံးခန်းပါ၍ တော်သေးသည်။ ဇေ၏ မျက်နှာပေါ်သို့ နေရောင်ခြည်ထိမှသာ ဇေ မထချင်ထချင်ဖြင့် ထခဲ့ရသည်။ မျက်စိများတော့ မဖွင့်နိုင်သေး ပေ။ သို့သော် သူပျင်းနေလို့မရပါ။ ဟိန်းကို ကူညီပြီး ဟိန်း၏အချစ်ကို သူရအောင် ပြန်ယူရပေဦးမည်။

ဇေ မျက်နှာသစ်ရန်အတွက် ရေချိုးခန်းရှိရာသို့ ထွက်လာခဲ့သည်။ ဟိန်း၏ အခန်းတံခါးနားမှ နားကပ်ထောင်သော် လည်း အခန်းထဲမှ ဘာသံမှမကြားရ။ ဟိန်းက နောက်ကျမှထတတ်သူမို့ အိပ်နေသည်ဟုပင် ထင်လိုက်သည်။

အခန်းတံခါးကို ဖွင့်ရန်သင့်မသင့်စဉ်းစားလိုက်သည်။ သို့သော်လည်း အရင်လိုဆိုရင်တော့ သိပ်ပြဿနာမရှိ။ ယခုပါမူ သူ့ကို မမှတ်မိသေးသည်မို့ အခန်းထဲကို အသိမပေးပဲ၀င်လျှင် ရိုင်းရာကျမည်စိုး၍ ဖွင့်ရန်ဖြင်နေသော လက္ကို သိမ်းလိုက်ရသည်။

"ဟိတ်!!!"

"ဟမ်..."

"သူများအခန်းရှေ့ဘာရပ်လုပ်နေတာလဲ..."

"သြော်... ဟို ဟိုလေ... ဟို..."

"ခင်ဗျားနှယ် တဟိုဟိုနဲ့... ခင်ဗျားက ဘယ္သူလဲ..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora