Chapter 3 (Uni)

1.3K 66 0
                                    

"ချမ်းမြေ့ ဟျောင့်""ဘာလဲကြာ. ငါစာဖတ်နေတာ အာရုံပျက်တယ်"

"မင်းဘာတက္ကသိုလ်တွေ လျှောက်ထားလဲလို့မေးမလို့ပါကွာ စာကြမ်းပိုးရဲ့"

"ငါလား ငါက စီးပွားရေးတက္ကသိုလ်တက်မှာ.မင်းကရော"

"ငါက NUACတက်ချင်တာကွ. ငါ့အိမ္က မတက်ရဘူးတဲ့. သူတို့တက်စေချင်တဲ့ နည်းပညာပဲတက် ရမယ်တဲ့ကွာ မမိုက်ပါဘူး"

"မင်းက အနုပညာတက္ကသိုလ်တက်မယ်ဟုတ်လား ဘာလဲ ဇာတ်မင်းသားလုပ်စားမလို့လား"

"ဖိုးချမ်း မင်းနော် ငါတင်းနေတာေနာ္ ငါ့ကို မလှောင်နဲ့ကွာ... ငါက ပန်းချီဆွဲရတာကို အရမ်းဝါသနာပါတာကွ. အဲ့ဒါကြောင့်တက်ချင်တာ အခုတော့ကွာ တက်ရမှာ မဟုတ္ဘူး အိမ်ကလူတွေက စိတ်ဓာတ်ပဲ "

"စိတ်ဓာတ်မကျပါနဲ့ကွာ မင်းမိဘတွေ စိတ်ချမ်းသာအောင် နည်းပညာပဲတက်ပေါ့. အဲ့ဒါဆို မင်းသာ အင်ဂျင်နီယာ ကြီးတစ်ယောက်ဖြစ်ရင် မင်းမိဘတွေက အရမ်း၀မ်းသာကြမှာ"

"အေးပါကွာ ငါ ငါ့မိဘေတြကို စိတ်ချမ်းသာစေချင်ပါတယ် ဒါပေမယ့် ငါတို့နှစ်ယောက်က ကျောင်းအတူတူမတက်ရတော့ဘူးလေ. သူငယ်ချင်းအသစ်တွေ ရသွားရင် ငါ့ကိုမမေ့နဲ့ဦး တကယ်လို့ ကောင်မလေးချောချောလေးတွေနဲ့ခင်ရင် ငါ့ကိုမိတ်ဆက်ပေးဖို့လဲမမေ့နဲ့ ဟီး ဟီးးးး"

"မင်းကတော့လေ"

ချမ်းမြေ့ခေါင်းသာရမ်းမိတော့လေသည်။ ချမ်းမြေ့ကတော့ တက္ကသိုလ်တက်ရတော့မှာမို့ အရမ်းပျော်နေသည်် ချမ်းမြေ့က စာအရမ်းတော်တဲ့အထဲတွင်မရှိသော်လည်း စာကြိုးစားသည်။ တခါတေလ အထီးကျန်တတ်ပေမယ့် သူ့သူငယ်ချင်းလေးက သူ့အတွက် အမြဲအားပေးဖော်ဖြစ်ပေးခဲ့သည်။ ကျောင်းမတူတော့ ဘူးမို့ စိတ်တော့မကောင်း သူ့သူငယ်ချင်းရဲ့မိဘတွေကလည်း သူနဲ့အပေါင်းသင်းလုပ်တာမကြိုက်ဘူးဆိုတာကို ဆန့်ကျင်ပြီး သူ့ကိုပေါင်းခဲ့တယ်။ တစ်ဦးတည်းသောသူငယ်ချင်းလေးပေါ့။

××××××

"အကိုလေး. အကိုလေး"

စုစုရဲ့သံကြောင့် ဟိန်းအိပ်နေရာက မထချင်ပဲ ထလိုက်ရတော့သည်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora