"ဇေ... ငါဟိုဘက်ခနသွားဦးမယ်... မင်းတို့အေးဆေး ချိန်းတွေ့ကြပေါ့..."
"အေးပါ... ငါ့ကောင်ကြီး အလိုက်သိလှပါလား..."
ဇေကို ပြုံးပြပြီး သူတို့နဲ့ဝေးရာကို ထွက်လာလိုက်သည်။ သူဘယ်ကိုဦးတည်နေမှန်း သူကိုယ်တိုင်မသိ။ သူသိတာကတော့ ဇေနဲ့ဝေးရာကို ခနရှောင်ထွက်လာခြင်းပင်ဖြစ်သည်။ Roller Coster နားအရောက်တွင် စိတ်ပြေ လက်ပျောက်စီးရန် စဉ်းစားမိ၍ လက်မှတ်ဖြတ်ဖို့ သွားခဲ့သည်။ လက်မှတ်ရုံတွင် လူများစည်နေသောကြောင့် သူတိုး၍မရဖြစ်နေသည်။
"အာ့..."
"ဟာ သွားပြီ... ဆောရီးအကို... ရရဲ့လား..."
လက်မှတ်နားအတင်းတိုးဝင်လာသော ကောင်လေးတစ်ယောက်က ဟိန်း၏ခြေထောက်ကို တက်နင်းမိသွားသည်။ စိတ်မကြည်နေသည်မို့ ဒေါသအလွန်ထွက်နေသည်။ မျက်လုံးများမှာစူးရှနေပြီး မကျေနပ်ရင် ထထိုးမယ့် အခြေအနေရှိသည်။ သို့သော်... ကောင်လေးတစ်ယောက်မှာ အားနာဟန်ကြည့်နေသောကြောင့် စိတ်လျှော့လိုက် ရသည်။
"အကို... အဆင်ပြေရဲ့လား ဟို... ကျွန်တော်တောင်းပန်ပါတယ်... "
"ရပါတယ်... မတော်တဆဖြစ်တာပဲ... "
"ကျွန်တော် ဘာလုပ်ပေးရမလဲ... "
"နေပါစေ..."
Roller Coasterလည်းစီးချင်စိတ်ကုန်သွားသောကြောင့် ထိုနေရာမှ ထွက်လာလိုက်သည်။ လက်ရှိသူသွားနေသည့် အရပ်မှာ ခြေဦးတည့်ရာဖြစ်သည်။ လမ်းလျှောက်နေသော်လည်း စိတ်မှာ ဇေဆီသို့ရောက်နေသည်။ သူဘယ် လောက်ပဲ ခံစားနေရပါစေ ဇေကိုတော့ စိတ်ချမ်းသာစေချင်တာ အမှန်ပါ။ ဇေပျော်တာကိုပဲ သူမြင်ချင်သည်။ ဇေ စိတ်မကောင်းဖြစ်မည့် ဘယ်ကိစ္စကိုမဆို သူရှောင်ရှားသည်။ ဇေ့ရဲ့ အပြုံးမှာ ကမ္ဘာတည်ထားသူပေါ့။
ရုတ်တရတ် မုန့်ဆိုင်တစ်ခုသို့ရောက်ချိန်တွင် ဇေကြိုက်တတ်သော ပေါက်ပေါက်ပွင့်ဗူးလေးကိုမြင်လိုက် ရသောအခါ ဇေကို သတိရသွား၍ မုန့်ဝယ်ရန် ဆိုင်ထဲသို့ ၀င်လိုက်သည်။ ဇေကြိုက်မည့် မုန့်လေးတွေဝယ်ရင်း ငွေရှင်းရန် ကောင်တာဘက်သို့ထွက်လာခဲ့သည်။
YOU ARE READING
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...