A Romantic Love Story (၀င်္ကပါဆန်တဲ့ အချစ်ပုံပြင်)
15.Dec
ဒီနေ့လေးကတော့ ကျွန်တော်နှင့် ဟိန်းရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါသည်။ နှစ်ပတ်လည် တော့မဟုတ်သေးပေ လပတ်လည်လို့ ဆိုရမလားပဲ။ မင်္ဂလာသက်တမ်း ၅လပြည့်ခဲ့လေပြီ။
နှစ်ယောက်လုံး အလုပ်တွေ ဘယ်လိုပဲရှုပ်နေခဲ့ပါစေ ထိုနေ့လေးကိုတော့ နှစ်ယောက်လုံး အျမဲ သတိတရဖြင့် Dinnerအသေးစားလေးလုပ်လေ့ရှိသည်။ သို့မဟုတ် ခရီးတိုလေးတစ်ခါ ထွက်စမြဲပင်။ နှစ်ယောက်လုံးက တိုင်တိုင်ပင်ပင်ရှိသောကြောင့် သိပ်ညှိစရာမလိုပေ။
ယခုလည်း အလုပ်သွားခါနီး ပြင်ဆင်နေသော ခင်ပွန်းဖြစ်သူကို ကြည့်မ၀ ရှုမ၀ဖြစ်နေရသည်။ ဆေးကူစရာ မလိုပဲ နီစွေးနေသော နှုတ်ခမ်းပါးလေးက လူကိုအတော်ဆွဲဆောင်နေသည်။ သေချာ ဖီးတင်ထားသော ဆံနွယ်လေးများဟာလည်း အတော်ပင်ကြည့်ကောင်းလှသည်။ ကြည့်ကောင်းနေသောကြောင့် ထိုဆံပင်ကို ဆြဲဖြ ချင်စိတ်ဖြစ်မိသည်။ လုပ်လို့လည်းမဖြစ်သေး ကိုယ်တော်ချော စိတ်ကောက်သွားမည်ကို စိုးရိမ်ရသေးသည်။
"ဇေ... ဘာလို့ အဲ့လောက်ကြည့်နေတာလဲ ငါကြည့်ရဆိုးနေလို့လား..."
"အင်း... တော်တော်ကြည့်ရဆိုးတယ်..."
"ဟင် ဟုတ္လား... ဆံပင်ပုံကကြည့်မကောင်းတာလား ပြန်ပြင်ရမှာလား... နည်းနည်းပြန်ပြင်ပေး... ရော့..."
ကိုယ္က စလိုက္တာကို အဟုတ်ကြီးထင်ပြီး ဘီး ကိုထိုးပေးလာသော ကျွန်တော့်၏ချစ်ရသူလေး။ ဘေးနားကနေ အရိပ်တကြည့်ကြည့်နဲ့ ချစ်လာရသူမို့ မျက်နှာအညှိုးမခံစေရ။
"စတာပါ ဟိန်းရယ်... မင်းကဘယ်လိုနေနေကြည့်ကောင်းပြီးသား အရမ်းတွေမပြင်ပါနဲ့လား ဟိန်းရယ်... တော်ကြာ ကိုယ့်ချစ်ရသူလေးကို တခြားသူတွေ ကြည့်ပြီး ပြစ်မှားနေမှာကို မကြည့်ရက်လို့ပါ..."
"ပိုပြီ... ဇေ အစုတ်ပလုတ်... အဟုတ်ပြောနေတာလားလို့... "
"ရော် ငါပြောတာမဟုတ်လို့လား..."
"ကိုယ်..."
"ဟင်..."
"ငါ လို့မပြောပါနဲ့လား... ကိုယ် လို့ပဲ သုံးပါလား... အဲ့ဒါ ပိုနားထောင်ကောင်းလို့..."
YOU ARE READING
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...