Chapter 33 (Zawgyi)

268 5 0
                                    


ဟိန်းလည်း ဇေကိုနှုတ်ဆက်ကာ ခြံသို့ထွက်လာလိုက်သည်။ ပြီးလျှင် ဈေးသို့သွားကာ လိုအပ်တဲ့ပစ္စည်းများသွား ၀ယ်လာခဲ့သည်။ ပြန်ရောက်ချိန်တွင် လူစုံနေလေပြီ။ ထူးခြားသည်မှာ ထည်ဝါမှာ ချမ်းမြေ့နား ကပ်ကာ ကူညီနေသည်။ ခန့်ကတော့ ကိုနောင်နားမှာ တ၀ဲလည်လည်ဖြစ်နေတာ။ သူတို့တွေ အဆင်ပြေနေကြပြီ ထင်ပါရဲ့။

"ဟိန်း..."

"ဇေ... ပြင်နေပြီလား... ငါနောက်ကျနေပြီပဲ..."

"နောက်မကျပါဘူး... ပေးထားခဲ့ လက်ထဲကဟာတွေ ရေအရင်သွားချိုးလိုက်..."

"အင်းပါ..."

"သြော်... ခန ရေချိုးခန်းထဲ တန်းမ၀င်နဲ့ဦး..."

"ဘာလို့လဲ..."

"ခနလေးပဲ... ဒါတွေထားပြီး ပြန်လာခဲ့မယ်..."

"အင်း အင်း.."

ဟိန်းလည်း ဇေကိုနားမလည်တာကြောင့် ခနစောင့်နေခဲ့သည်။ ရေချိုးပါမယ်ဆိုမှ ဇေ ဘာလုပ်ဦးမလို့လဲမသိ။ မဟုတ်မှလွဲရော သူနဲ့အတူတူများ ရေချိုးချင်လို့လား... ဟိန်း ပေါက်ကရတွေ တွေးနေမိတော့သည်။ ဇေက ခနဆို ပြီး ခုချိန်ထိ ပေါ်မလာသေးပေ။

"ဟိန်း... တော်သေးတယ် ၀င်သွားပြီလားလို့..."

"ဘာပြောမလို့လဲ ဇေ..."

"ဒီမှာ... အပြင်ကခုမှပြန်လာတာလေ... ရေသောက်ပြီးမှ ချိုး..."

"အလိုက်သိလှပါလား... ဇေ မင်းအရင်ကနဲ့မတူတော့တာတော့ သေချာတယ်..."

ဟိန်းလည်း ဇေ လက်ထဲမှ ဖန်ခွက်ကို လက်လွှဲယူကာ ရေကို တစ်ခါထဲမော့ချလိုက်သည်။

"သိရမယ်လေ... ငါက အရင်က မင်းသူငယ်ချင်း ဇေမှ မဟုတ်တော့တာ... မင်းရဲ့ချစ်သူ ဇေ ဖြစ်နေပြီပဲကို..."

"ဇေ... မင်းနော်..."

"မဟုတ်လို့လား..."

"အဲ့ဒါတော့ အဲ့ဒါပေါ့..."

"ဘာအဲ့ဒါလဲ... ဘာလဲ မင်းက ငါ့ကို မင်းချစ်သူပါလို့ တခြားသူတွေကို ထုတ်မပြောချင်ဘူးလား..."

ဇေ စိတ်မကောင်းဖြစ်သွားသည်။ သူက အားလုံးကို ဟိန်းက သူရဲ့ချစ်သူပါလို့ အားလုံးကို ထုတ်ပြောချင်သော် လည်း ဟိန်းက လက်မခံ၍ ထုတ်မပြောရ။ သူ့စိတ်ထဲတွင် ဟိန်းသူ့ကို အရင်ကလို မချစ်တော့ဘူးဟု ထင်နေမိ သည်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Tempat cerita menjadi hidup. Temukan sekarang