Chapter 20 (Uni)

918 45 13
                                    

ချမ်းတို့အိမ်မှ ပြန်လာပြီးသည့်နောက် ခန့်ရင်တွေအရမ်းခုန်နေခဲ့သည်။ သူ့လက်လေးကို ခုချိန်ထိ ဘယ်အရာအထိ မခံသေး။ အကြောင်းမှာ ဟိန်း၏လက်နှင့် ထိလာသောကြောင့်ဖြစ်သည်။

ခန့်သည် လွန်ခဲ့သော ၂ပတ်လောက်ထဲက ဟိန်းကို သဘောကျနေခဲ့သူဖြစ်သည်။ သူငယ်ချင်းများနှင့် ပြည်သူ့ရင်ပြင်လိုက်သွားရာမှ အမှတ်မထင်တွေ့ရှိခဲ့သော သူကို စွဲလမ်းသွားခဲ့ရသည်။ ပထမဆုံးဆုံချိန်တွင် ၂ခါဆက်တိုက် တွေ့ခဲ့သည်။

သူငယ်ချင်းများက Roller Coasterစီးချင်ပါသည် ပြောသောကြောင့် လက်မှတ်ရုံသို့သွားကာ လက်မှတ်၀ယ်စဉ် ကောင်လေးတစ်ယောက်၏ခြေထောက်ကို မတော်တဆ နင်းခဲ့မိသည်။ ထိုကောင်လေးကိုပင် မုန့်ဆိုင်တွင် တဖန်ထပ်ဆုံရပြန်သည်။ သူငယ်ချင်းများက တွန်းလိုက်၍ ဟန်ချက်မထိန်းနိုင်ဖြစ်နေစဉ်တွင် သူ့ကို ထိန်းကိုင် ပေးခဲ့သူဖြစ်လေသည်။ ထိုစဉ်မှ စ၍ ဟိန်းကို သူရင်ခုန်ခဲ့သည်။

နောက်ထပ် အံ့သြစရာတစ်ခုထပ်ကြုံရပြန်သည်။ ထိုအကြောင်းမှာ မိမိ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ၏ ရည်းစား နဲ့မိတ်ဆက်မပေးခင် အချိန်တွင် သူ၏ Accထဲသို့ ၀င်ကြည့်ခဲ့ရာ မိမိ တဖက်သတ်စိတ်၀င်စားနေရသူ၏ ပုံကို တွေ့လိုက်ရသည်။ ထိုကိစ္စသည် သူ့ကို အများကြီးပြောင်းလဲစေခဲ့သည်။

ချမ်းကို မပြောပဲ ပြည်ထောင်စုအကြိုမုန့်ရောင်းပွဲသို့လာခဲ့လိုက်သည်။ ထိုချစ်ရသူလေး၏ Accတွင် တင်ထားသော မုန့်စားကဒ်ပုံလေးကြောင့် ဖြစ်သည်။ ချမ်းကို မ၀ယ်ခိုင်းပဲ တျခား နီးစပ်သူတစ်ယောက်ကို ၀ယ်ခိုင်းကာ ထိုနေ့က သူ့ဆီသွားခဲ့သည်။ သို့သော် ထိုကောင်လေးမှာ သူ့ကို ပြန်၍ မကြည့်။

သူ၏ ခံစားခ်က္ကို နားမလည်နိုင်ဖြစ်ရသည့် အကြောင်းတစ်ခုလည်းရှိသည်။ အကြောင်းမှာ ချမ်းနှင့်ဇေတို့ ကြည်နူးနေသော မြင်ကွင်းကို မှိုင်းညှို့နေသောမျက်၀န်းများဖြင့် ကြည့်နေခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် သူစိတ်မကောင်းဖြစ်ရသည်။ ဟိန်း ဇေ့ကို တစ်ဖက်သတ်ချစ်မိနေသည်ကို သူသိနေပါသည်။ ဟိန်းကို ပျော်စေချင်ပါသည်။ ဟိန်း၏ပျော်ရွှင်မှုသည် ဇေဖြစ်နေသည်ကိုလည်း သူကောင်းကောင်းသိပါသည်။ သို့သော် တစ်ဖက်ကလည်း သူချစ်ရတဲ့သူငယ်ချင်း။ တစ္ဖက္က သူတစ်ဖက်သတ်ချစ်နေရတဲ့သူ သူဘယ်သူ့ကို ရွေးချယ်ရမယ်မသိ။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Where stories live. Discover now