တီ တီ တီ တီ....စာကြည့်စားပွဲပေါ်တွင်တင်ထားသော နာရီမွာ မနက်၆နာရီတိတိရောက်သည်နှင့် အချက်ပေးသံပေါ်လာလေပြီ။ ညက အတွေးလွန်ပြီး အိပ်မပျော်တာကြောင့် မနက်မထနိုင်ဖြစ်နေသည်။ သို့သော် မထ၍မထပါ။ သူငယ်ချင်းနှင့် ချိန်းဆိုထားသည် မဟုတ်ပါလား။
နှိုးစက်ကို အသာပိတ္ကာ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်သည်။ ထို့နောက် မျက်လုံးမှာ စားပွဲပေါ်ရှိ ဖုန်းလေးဆီသို့ အကြည့်ရောက်သွားသည်။ ဖုန်းကိုယူလိုက်ကြည့်လိုက်စဉ် ပေါ်လာသော စာကြောင်းလေးကြောင့် ချမ်း တစ်ချက်ပြုံးလိုက်သည်။ မနက်ခင်းတိုင်း ရောက်နေကြစာလွှာလေး။ အနေေ၀းနေတာမဟုတ်ပေမယ့်လည်း ထိုစာလေးကြောင့် မနက်ခင်းသာယာခဲ့လေသည်။
'မောနင်း ကိုကို့ရဲ့ကလေးလေး...
နေ့သစ်တိုင်းမှာပျော်ရွှင်ပါစေနော်...
ကျောင်းပိတ်ရက်ဆိုတော့ မတွေ့ရဘူးကွာ...
အရမ်းလွမ်းတယ်...
အရမ်းလည်းချစ်တယ်...'
ချမ်း ပျင်းနေဖို့ အချိန်မရှိပါ။ အိပ်ရာမှ ချက်ချင်းထကာ. ကိုယ်လက်သန့်စင်ပြီးသည်နှင့် လေးငယ်နှင့်သူ့အတွက် မနက္စာ စီစဉ်ရသည်။ တက်ကြွနေသောကြောင့် အလုပ္မ်ား ခပ်မြန်မြန်လုပ်နိုင်သည်။ လေးငယ်ကိုတော့ မနက်ထဲကမတွေ့ရ။ ထုံးစံအတိုင်း လမ်းလျှောက်ထွက်သွားသည် ထင်ပါရဲ့။
"ဖိုးချမ်းရေ..."
"လေးငယ် ပြန်လာပြီလား မနက်စာပြင်ထားတယ်လေးငယ် တခါလည်းစားမလား ကျွန်တော်ပြင်လိုက်မယ်လေ..."
"ရပါတယ္ကြာ ဖြည်းဖြည်းပေါ့ မင်းဒီနေ့အပြင်သွားစရာရှိလား..."
"ရှိတယ်လေးငယ် ဟိုကောင်နဲ့ ချိန်းထားလို့..."
"အေးပါ ကောင်းကောင်းသွား ဂရုစိုက်ဦးနော်..."
"ဟုတ် လေးငယ် ဘာမွာဦးမလဲ..."
"နေပါစေကွာ မမှာတော့ပါဘူး စောစောတော့ ပြန်လာနော်...."
BẠN ĐANG ĐỌC
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
Lãng mạnStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...