"ဟိန်း..."
"ဘာလဲကြာ... ငါဂိမ်းဆော့နေတယ် လာမရှုပ်နဲ့..."
"သဲလေးကလည်းကွာ..."
"မင်းမေကြီးတော်ကို သဲလေးလား..."
ဟိန်းတစ်ယောက်ဂိမ်းဆော့နေတုန်း ဇေ ပုခုံးဖက်လိုက် ခါးဖက်လိုက်လုပ်နေသဖြင့် ဂိမ်းကိုအာရုံသိပ်မရ။ ပြောလို့လည်းမနိုင်။ သေချာနေပါပြီ သူတစ်ခုခုပြောစရာရှိနေပြီဆိုတာ။ သူလိုချင်တာမရမချင်း ဒီပုံစံအတိုင်းနေမည် ဖြစ်တာကြောင့် ဖုန်းက ပိတ္လိုက္ကာ သူပြောတာကို နားထောင်ဖို့ဆုံးဖြတ်လိုက်သည်။
"ကဲ... ပြောတော့ မောင်မင်းကြီးသားရဲ့... ဂိမ်းဆော့တာ ကောင်းကောင်းမဆော့ရဘူး..."
"ဟီး..." ထိုအခါမွ ဇေတစ်ယောက် ပြုံးဖြီးဖြီးမျက်နှာနှင့် စကားဆိုလိုက်သည်။
"ဒီလိုကြ...ဒီတစ်ပတ် သောကြာနေ့က ဘာနေ့လဲ မင်းသိလား..."
"၁၄ရက်နေ့မလား..."
"အေးလေ... အဲ့ဒါဘာနေ့လဲသိလားလို့..."
"မသိဘူးလေ..."
"ခွေးကောင်... ချစ်သူများနေ့ဆိုတာတောင် မင်းမသိဘူးလား..."
"သိတယ်လေ... မင်းအမြင်ကပ်လို့ တမင်မပြောတာ..."
"မင်းကလည်း ငါက အကောင်းတိုင်ပင်မလို့ကို..."
"ကဲ ပြောပြော... ဘာတိုင်ပင်မှာလဲ..."
"မနက္ဖန္က ချစ်သူများနေ့တင်မဟုတ်ဘူးကွ... ငါနဲ့ချမ်း ချစ်သူဖြစ်တာ ၁လပြည့်တဲ့နေ့..."
"သြော်... အဲ့ဒီတော့..."
"အဲ့ဒီတော့ကွာ... ငါ ချမ်းကို Surpriseလေးလုပ်ချင်လို့..."
"အဲ့ဒါမ်ား အဆန်းလုပ်လို့ Surprise၀ယ်တိုက်လိုက်ပေါ့..."
"ကောင်စုတ်... မင်းကြီးတော်ကြီးပဲ ၀ယ်တိုက်လိုက်..."
"ကဲပါ ဇေ မင်း ေ၀့လည်ချောင်ပတ်တွေပြောမနေနဲ့... မင်းဘာလုပ်ချင်လဲသာပြောလိုက်..."
"ဟီး... မင်းက အလိုက္သိလိုက္တာ... ဒီလိုကြ..."
"..."
"အင်း အင်း..."
"ဟျောင့် မင်းသေချာလုပ်ရမယ်နော်..."
DU LIEST GERADE
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomantikStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...