Chapter 26 (Uni)

1K 46 7
                                    

ညမှောင်မှောင်မှာ လေအေးလေတွေတိုးေ၀့နေလေသည်။ တစ်အိမ်လုံးတိတ်ဆိတ်လျှက် လူတိုင်းနီးပါး အိပ်မောကျနေလေပြီ။ အချိန်အားဖြင့် ည၁၁နာရီ။ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သော အသံတစ္ခု။

"အမေလး!!! မောင်ရယ် ဗိုက္နာလိုက္တာ... အရင်ကထက်ပိုနာသလိုပဲ..."

"ယမင်း အားတင်းထားနော်... မောင် ဆေးရုံလိုက်ပို့မယ်..."

"အား!!!"

"နှင်းဆီရေ သားသားကို နင့်ဆီအပ်ခဲ့မယ် ဒေါ်မြကို လိုအပ်တာတွေယူပြီး နောက်က လိုက်ခဲ့ခိုင်းလိုက်တော့..."

"ဟုတ် ကိုရှိုင်း..."

"မောင်ရယ် မြန်မြန်လုပ်ပါ... တော်တော်နာနေပြီ..."

"အေးပါ မိန်းမရယ်..."

ဆေးရုံ၏ ခွဲစိတ်ခန်းတစ်ခုရှေ့တွင် ကိုရှိုင်းတစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အဂုၤလိမာလသုတ်ကို ရွတ်ဆိုနေသည်။ တ၀က်ရောက်လိုက် မေ့သွားလိုက် တ၀က်ရောက်လိုက်မေ့သွားလိုက်ဖြစ်နေသဖြင့် ခနခန ပြန်ရွတ်နေရသည်။ ယမင်းကို မွေးပေးမည့်ဆရာ၀န်မှာ မိမိ၏ သူငယ်ချင်းဖြစ်နေသည်မို့ စိတ်ချရပါသည်။

"ဟဲ့ သား... သမီးလေးရော..."

"ခွဲခန်းထဲမှာ မေမေ..."

"အေး အေး... မင်း ထိုင်နားပါဦးလား... "

"ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ မထိုင်နိုင်ဘူး မေမေရယ်..."

"အေးပါ... မင်းအဆင်ပြေသလိုနေပါ..."

ခွဲခန်းထဲသို့ ယမင်း၀င်သွားသည်မှာ ၂နာရီနီးပါးရှိနေပြီ။ အခုထိ ဘာအရိပ်အယောင်မှ မတွေ့ရသေး။ သားသားဇေ လေး မွေးတုန်းကတောင် ဒီလောက် စိတ်မလှုပ်ရှားခဲ့ပါ။ သားလေးမှန်းသိထားသောကြောင့် ရင်မခုန်ပါ။ ယခုမွာ သားလေးလား သမီးလေး မသိရသေးသည်မို့ ရင်ခုန်စွာစောင့်စားနေရသည်။ အချိန်အားဖြင့် မနက် ၁နာရီရှိလေပြီ။

"မယမင်းနွယ် ခင်ပွန်းရှိပါသလား..."

"ရှိပါတယ်... ကျွန်တော်ပါ..."

"သားလေးမွေးပါတယ်ရှင်..."

"ခင်ဗျာ... ဟုတ်ကဲ့ ကျေးဇူးပါဆရာမ..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Where stories live. Discover now