A Romantic Love Story(၀င်္ကပါဆန်တဲ့အချစ်ပုံပြင်)
Extra Part 4
ညဦးက အိပ်မပျော်ခဲ့ဘဲ မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့သောကြောင့် မနက်ခင်းတွင် မထနိုင်သောသူမှာ ခန့်ခန့်ပင်။ မနိုးမှာစိုး၍ နှိုးစက်သာချခဲ့သည်မှန်သော်လည်း လုံးဝနိုးမလာခဲ့သောကြောင့် နောက်ကျနေလေပြီ။ ၉နာရီအရောက်သွားရမည်ဖြစ်သောကြောင့် ၈နာရီ အိမ်မှထွက်ဖို့ပြင်ထားခဲ့သည်။ သို့သော် ၈နာရီတောင် သူမထနိုင်သေးပေ။
'ဒေါက် ဒေါက်... ဒေါက် ဒေါက်...'
တံခါးခေါက်သံ တဒေါက်ဒေါက်ပေါ်လာမှသာ အတင်း မျက်လုံးဖွင့်ရသည်။ ခေါင်းက နောက်တောက်တောက်ဖြစ် နေတုန်း။
"သားရေ... သား မထသေးဘူးလား..."
"ထပြီ မာမီ..."
"ချမ်းလေး ရောက်နေပြီ... သားက ခုထိ မပြင်ရသေးဘူးလား..."
"ဟမ်... ထပြီ မာမီ... ဖိုးချမ်းကို သားဆင်းလာခဲ့မယ် ပြောပေးအုံး..."
"အေးပါ... မြန်မြန်ဆင်းခဲ့နော်..."
"ဟုတ်..."
ဘာမှ တွေးမနေတော့ဘဲ ကုတင်ပေါ်မှ အပြေးဆင်းကာ ခပ်မြန်မြန်လေးပြင်ဆင်ရတော့သည်။ ၀တ်မယ့် အင်္ကျီက မနေ့ညထဲက ထုတ်ထားခဲ့သည်မို့ ရှာစရာမလို ထို့ကြောင့် သက်သာသွားရသည်။ အ၀တ်ကောက်စွပ်ပြီးသည်နှင့် အောက်ထပ်သို့ ဒုန်းစိုင်းပြေးဆင်းလာခဲ့သည်။ လှေကားထစ်တွေတောင် ဘယ်နှထစ်ကျော်ချခဲ့မှန်းမသိတော့ပေ။
"ခန့်ခန့်... ဖြည်းဖြည်းဆင်းခဲ့ပါလား..."
"နောက်ကျနေလို့ ငါလည်း ပြေးဆင်းလာခဲ့တာပါကွာ..."
"စောစောမထပဲ ဘာလုပ်နေလို့လဲ..."
"ညက အိပ်တာ နောက်ကျသွားလို့ပေါ့ကွာ... မင်းကလည်း ရှည်လိုက်တာ... သွားစို့လေ..."
"မင်းပဲ အပြောကောင်း ထ သွားမယ်... တီလေး ကျွန်တော်တို့သွားပြီနော်..."
"အေးအေး သားတို့ရေ... သားခန့် ကားကိုဖြည်းဖြည်းမောင်းနော်...."
"ဟုတ် မာမီ..."
အိမ်ထဲမှ ထွက်လာပြီးခဲ့သည့်နောက်တွင် ဆင်ဝင်တွင်ရပ်ထားသော ကားပေါ်သို့ တက်လိုက်သည်။ ချမ်းသည်လည်း lover Seatတွင် ၀င်ထိုင်လိုက်သည်။ နှစ်ယောက်လုံး အအေးမကြိုက်သောကြောင့် အဲကွန်းကို အနိမ့်ဆုံးထားကာ ဦးတည်ရာသို့ သွားရန်ပြင်လိုက်သည်။ နောက်ဆုံးတွင် ခြံထဲမှ ကားလေးဟာ တရွေ့ရွေ့ ထွက်ခွာသွားခဲ့လေပြီ။
VOCÊ ESTÁ LENDO
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...