'ဇေ... မင်းအခုဘယ်လိုလုပ်မလဲ...' ဟိန်း ဇေ့ကို စိတ်ပူသွားသည်။ ချက်ချင်းဆိုသလို ဖုန်းကိုထုတ်လိုက်ပြီး..
တြီ တြီ....
"ဟယ်လို..."
"ဇေ..."
"ဟိန်း... "
"မင်းအဆင်ပြေရဲ့လား... ငါအခုပဲ ကာရံချိုနဲ့တွေ့လာတာ..."
"...."
"ချမ်းမြေ့ကိုလည်းတွေ့သွားတယ်ဆို... မင်းဘာဖြစ်နေတာလဲ... ငါ့ကိုတစ်ခုခုပြောပါဦးကွာ..."
"ငါတို့အခုတွေ့ရအောင်.. မင်းဘယ်မှာလဲ..."
"ငါမင်းဆီကိုလာခဲ့မယ်... မင်းရှိတဲ့နေရာကိုပြော..."
"လှည်းတန်းက Caf Palace ဆိုင်မှာ"
"ငါလာခဲ့မယ်.. မင်းစောင့်နေနော်"
"ဇေ..."
"ဟိန်း..."
"ချမ်းမြေ့ရော..."
"ပြန်သွားပြီ... ငါ ငါဘာဆက်လုပ်ရမလဲကွာ... ငါထင်ထားတာ ဒီသုံးနှစ်အတွင်း တစ်ခုခုပြောင်းလဲမယ်လို့ထင်ထား တာ.. ခုတော့.."
"ချမ်းမြေ့သိသွားပြီဆို... မင်းဘာဆက်လုပ်မလဲ"
"ချမ်းမြေ့က ငါရှင်းပြတာ လက်မခံဘူး... "
"ချမ်းမြေ့က ဘာပြောလို့လဲ..."
"မဖြစ်နိုင်တော့တဲ့ ကိစ္စမို့လို့ သူ့ကိုမေ့လိုက်တော့တဲ့..."
"ငါဘာကူညီပေးရမလဲ.. ငါ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်..."
"ငါဒီညေန ကာရံချိုတို့အိမ်ကိုသွားဖို့ရှိတယ်.. မင်းလိုက်ခဲ့ပါလား.. "
"ပြောစရာမလိုပါဘူးကွာ.. ကာရံချိုကိုလည်းပြောပြီးပြီ ငါလာခဲ့မယ်လို့"
"ပြီးတော့ ငါသူ့ကိုငြင်းဖို့ ဆုံးဖြတ်ပြီးပြီ.."
"မင်း မင်းအဖေကို ဘယ်လိုရင်ဆိုင်မလဲ.. မင်းအဖေအကြောင်းလဲ မင်းသိပါတယ်.. ဒီကိစ္စသာ ဖြစ်မလာဘူးဆိုရင် ကုမ္ပဏီနဲ့ ပတ်သတ်နေလို့ သူမင်းကိုခွင့်ပြုမယ်မထင်ဘူး.. "
"ငါသိပါတယ်... ဒါကြောင့် ငါကာရံချိုရဲ့ ပြစ်ချက်တွေကို ရှာထားတယ်.. ထုတ်သုံးရင်ကောင်း မသုံးရင်ကောင်း စဉ်းစားနေတာ.."
CZYTASZ
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomansStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...