Chapter 14 (Uni)

845 38 0
                                    


ချမ်း ကျောင်းအတန်းထဲသို့ စောစီးစွာရောက်ရှိနေလေပြီ။ အကြောင်းမှာ မနက်ခင်းတိုင်းတွင် ဇေမှ အကြိုအပို့လုပ် ပေးနေသောကြောင့်ဖြစ်သည်။ အတန်းထဲသို့၀င်လိုက်စဉ်တွင် ကျောင်းသူ/သားမ်ား ဟိုတစ္စု ဒီတစ်စုရှိနေလေသည်။ ချမ်းမှာ စပ်စုတတ်ခြင်းမရှိသည့်အတွက် ထိုင်နေကျခုံတွင် နေရာယူလိုက်သည်။ သူထိုင်ပြီးသည်နှင့်တပြိုင်နက် အတန်းထဲက အုပ္စုတစ္စုစီက တစ်ယောက်စီထွက်လာပြီး သူ့ဆီကိုဦးတည်နေလေ သည်။

"ချမ်းမြေ့ ငါတို့မုန့်ရောင်းမှာ မုန့်စားကဒ်၀ယ်ပါဦး"

"ချမ်းမြေ့ ငါတို့ကဒ်လည်း၀ယ်ဦးနော်"

"ငါတို့ဟာလည်း၀ယ်ဦးနော်"

ချမ်းမြေ့ ကြောင်သွားသည်။ သူတို့ဘာရောင်းမှာ ဘာကို၀ယ်ခိုင်းနေမှန်းနားမလည်သဖြင့် သူတို့ကို မကြျလုံး၀ိုငျးလေးဖွင့ျ လိုက်ကြည့်နေလေသည်။

"ငါနားမလည်လို့ ဖြည်းဖြည်းချင်းရှင်းပြကြပါလား"

"သြော်ဟုတ္သားပဲ ငါတို့ရှင်းပြမယ် ဒီလို ပြည်ထောင်စုအကြိုမုန့်ရောင်းပွဲတော်ရှိတယ်လေ ၁၁ရက်နေ့ အဲ့ဒီမွာ ငါတို့သူငယ်ချင်းတွေစုပြီး မုန့်ရောင်းကြမှာ ကဒ်ကိုအရင်ရောင်းထားတာပေါ့ဟာ အဲ့နေ့မှ ကဒ်နဲ့မုန့်နဲ့ လဲရမွာ.."

"သြော်" 

အခုမွ နားလည်သွားသဖြင့် ခေါင်းလေးတငြိမ့်ငြိမ့်ရှိနေသည်။

"ငါ၀ယ်ချင်ပါတယ် ဒါပေမယ့် အကုန်လုံးတော့မ၀ယ်နိုင်ဘူးလေငါ့အဲ့လောက် မတတ်နိုင်ဘူး"
"ရပါတယ် ငါတို့ဟာ၀ယ် သူတို့ဟာမ၀ယ်နဲ့"

"ဟာ အဲ့လိုမရဘူးလေ ချမ်းမြေ့ ငါတို့ကဒ်ပဲ၀ယ်နော်"

"ဒီလိုလုပ်လို့ဘယ်ရမလဲ ချမ်း ငါတို့ကဒ်ပဲ၀ယ်"

ဒီအုပ်စုသုံးစုကြားထဲ ချမ်း ရူးချင်သွားသည်။ တစ်ယောက်ကဒ်၀ယ်မယ်ဆိုရင်လည်း နောက်နှစ်ဖွဲ့ကလည်း မကြိုက်။ ကယ်တင်သူကိုသာ မျှော်မှန်းနေရပါသည်။ ထိုအချိန်

"အားလုံးနေရာပြန်ယူကြမယ် "

 စကားသံအဆုံးတွင် ဆရာမ၀င်လာ၏။ ချမ်းမြေ့၏စိတ်ထဲတွင် ဆရာမကို ထိုင်ကန်တော့ချင်စိတ်ပေါ်သွား၏။ ကယ်တင်သူဆရာမ၏ကျေးဇူးကို မေ့နိုင်တော့မည်မဟုတ်ပေ။ ထိုဆရာမမွာ အားလုံး၏အချစ်တော် မြန်မာစာဆရာမပင်ဖြစ်သည်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora