မနက်ခင်း နေရောင်ခြည်လေး ပြတင်းပေါက်မှ ဖောက်ထွင်း၀င်ရောက်လာတဲ့အခါမှ ဇေ မျက်စိစူးသဖြင့် မျက်စိဖွင့် ကြည့်မိခဲ့သည်။ သူအိမ္ကို ဘယ်လိုပြန်ရောက်လာခဲ့လဲ သူမမှတ်မိ။ အပင်အောက်တွင်ထိုင်နေစဉ် ဟိန်း ရောက်လာတာကိုပဲ သူမှတ်မိလေသည်။ မျက်လုံးဖွင့်နေသော်လည်း သူဘေးဘီကို မကြည့်ခဲ့သေးပါ။ သူ့ခန္ဓာကိုယ်ကို တစ္ခုခုက ပူးကပ္ထားသလို သူခံစားရသည်။ ထို့ကြောင့် သူနွေးထွေးနေသည်။ သူ့ကိုယ်သူ ပြန်စမ်းကြည့်ရာ အကျႌမပါသည်ကို သူသတိထားမိလိုက်သည်။
သူရုတ်တရတ်လန့်သွားပြီး ဘေးကို ကြည့်လိုက်ရာ သူနံဘေးတွင် ကွေးကွေးလေးအိပ်နေသော ဟိန်းကို သူတွေ့လိုက်ရသည်။ သူညကအကြောင်းတွေ ပြန်စဉ်းစားနေသည်။ ဟိန်း သူ့အခန်းထဲဘယ်လိုရောက်နေလဲ သူမသိ။ သူအ၀တ်တွေကိုရော ဘယ်သူချွတ်ပေးခဲ့မှန်းသူမသိ။
'ဒါဆိုရင် တစ်ညလုံး သူအကျႌမ၀တ်ပဲ ဟိန်းနှင့် အတူတူ အိပ်ခဲ့တာလား???'
သူစိတ်တွေ ရှုပ်ထွေးနေသည်။ သူညက ဟိန်းကို ဘာလုပ်မိမှန်းသူမသိ။ သူမသိတာတွေများနေသည်။ သူအိပ်ရာ ပေါ်က ဆင်းပြေးရမလား။ ဒီတိုင်း မသိသလို အိပ်ချင်ယောင်ဆောင်နေရမလား သူဘယ်လုပ်ရမလဲ စဉ်းစားနေရင်း ဟိန်း လှုပ်လှုပ်ရွရွဖြစ်လာသည်။ ထို့ကြောင့် သူအိပ်ချင်ယောင်သာ ဆောင်လိုက်တော့သည်။
ဟိန်း ခုလို အိပ်ယာထနောက်ကျတတ်သည်မဟုတ်သော်လည်း ညက တော်တော် မအိပ်သည်မို့ အိပ်ရာထ နောက်ကျသည်။ နိုးလာသည်နှင့် ဇေ့ကို ကြည့်လိုက်သည်။ ညကအတိုင်း တုတ်တုတ်မှမလှုပ်။ နဖူးကို စမ်းကြည့်တော့ အပူကျသွားလေပြီ။ သူလည်း သက်ပြင်းတစ်ချက်ချကာ ဇေ မနိုးစေရန် အိပ်ရာမှ ဖြည်းဖြည်းထက ဇေ အတွက် မနက်စာပြင်ဖို့ ထွက်လာခဲ့သည်။
ဟိန်း လုပ်ပုံကိုင်ပုံကို ဇေ ခိုးခိုးကြည့်နေခဲ့သည်။ သူ့နဖူးကို စမ်းသွားစဉ် ရင်ခုန်သံတွေ ထိန်းမရ။ သူနိုးနေတာ သိသြားမွာ စိုး၍ အသာလေးနေနေရသည်။ နောက် ဟိန်း အခန်းပြင်ရောက်သွားတော့မှ ဇေ အသက်၀၀ရှူရဲတော့ သည်။
"ဟူးးးးး တော်ပါသေးတယ် ထွက်သွားလို့... ငါ ညက ကိစ္စတွေကို ဘာလို့မမှတ်မိတာလဲ... ဘာမွ စဉ်းစားလို့လဲ မရဘူး..."
ESTÁS LEYENDO
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...