ဇေ သူ့ရှေ့ကထွက်သွားသော ကောင်လေးကိုကြည့်ရင်း စဉ်းစားခန်း၀င်နေလေတော့သည်။ 'ဒီကောင်လေးကို ငါအကြည့်ချင်းဆုံမိတာနဲ့ ရင်တွေခုန်နေတယ် ဘာလို့ပါလိမ့်နော်. ဒါနဲ့ ဒီကောင်လေးက ဟာဟုတ္သားပဲ Oceanက ဟုတ်တယ် Oceanက ကောင်လေးပဲကြည့်ရတာငါနဲ့ ရေစက်ပါတဲ့ပုံပဲ'
ဇေအတွေးလွန်နေချိန်
"ဇေ. ဘာလုပ်နေတာလဲ ပြန်မယ်လေ. ဒီနေ့တော့ ကားကိုမင်းပဲမောင်းတော့.."
"အေးပါ.. လာ သွားစို့.. ဇေလည်းအတွေးကို မြန်မြန်ဖြတ်ပြီး အိမ်ကိုပြန်လိုက်တော့တယ်..."
ချမ်းမြေ့တစ်ယောက်အိမ်ရောက်သည်နှင့် အခန်းထဲပြေး၀င်ပြီး ကုတင်ပေါ်လှဲချမိတော့သည် အခုချိန်ထိ သူရင်ခုန်သံတွေ မရပ်သေး ...
"ငါရူးနေပြီထင်တယ် ဘာဖြစ်လို့ကောင်လေးတစ်ယောက်နဲ့တွေ့တာကို ရင်တွေ အရမ်းခုန်နေတာလဲ ငါ ပြောင်းသွားတာများလားမဟုတ်သေးပါဘူး ငါက ဘာကိစ္စပြောင်းရမှာလဲ ထားလိုက်ပါတော့လေ"
တဖက်တွင်လည်း
'ကောင်လေးတစ်ယောက်က အဲ့လိုချစ်ဖို့ကောင်းစရာလိုလို့လား ပထမတစ်ခါကလည်း ပြူးကြောင်လေးကြည့် နေတာ အခုလည်းပြူးကြောင်လေးကြည့်နေတုန်း ဘယ်လိုကောင်လေးပါလိမ့် အင်း သူ့အကြောင်းစုံစမ်း ရတော့မယ်'
ဇေတစ်ယောက်ထဲ ပြုံးဖြီးဖြီးဖြင့် ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက်လုပ်နေလေတော့သည်။
×××××
ချမ်းမြေ့ ကျောင်းကို စတက်သည်မှစ၍ စာပဲကြိုးစားသည်။ အတန်းလည်းပျက်သည်ဟူ၍မရှိ။ သူငယ်ချင်း အပေါင်းအသင်းမရှိ။ သူ့က တည်တည်ငြိမ် ငြိမ်နေတတ်သူမို့ သူ့ကိုခင်ချင်တဲ့သူများသည်။ ကြိတ်ကြွေနေသူများ လည်းရှိသေးသည်။
သို့သော် သူက တစ်ယောက်တလေကိုမျှ စကားသွားပြောလေ့မရှိ ။ တစ်ယောက်တည်း နေတာများသည်။ ထိုတည်တည် ငြိမ်ငြိမ်နေတတ်တဲ့ကောင်လေးကတော့ သူ့ကို စောင့်ကြည့်နေတဲ့သူရှိတာကို မသိရွာ.
"ဇေ. First year ကန်တင်းကို ခဏခဏလာနေတာပဲ. ငါတို့အဆောင်နဲ့ နီးတဲ့ကန်တင်းလည်းရှိတာပဲကို.. မင်းချိန်နေတဲ့ကောင်မလေးရှိလို့လား"
YOU ARE READING
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...