Chapter 4(Uni)

1K 53 0
                                    

"သားချမ်းမြေ့ ကျောင်းအပ်တာ ဘယ္လိုလဲ အဆင်ပြေခဲ့လား"

 "ပြေပါတယ်လေးငယ်. ကျောင်းက မြို့ထဲမဟုတ်ပေမယ့် အဆင်ပြေပါတယ်" 

 "Ferry ရောစုံစမ်းခဲ့သေးလား" 

 "Ferry မစီးဘူးလေးငယ် YBSနဲ့ပဲသွားမှာ အိမ်နဲ့ လမ်းကြောင်းသင့်တယ်လေ.. ပိုက္ဆံကို အပိုအကုန်ခံလို့ ဘယ်ဖြစ်ပါ့မလဲဗျာ့" 

 "အေးပါငါ့တူရာ. မင်းကတော့ ကြီးပွားဦးမှာ ပိုက္ဆံကို အသုံးနဲ့ အဖြုန်းကို ကောင်းကောင်းနားလည်နေပြီပဲ ကြိုးစားငါ့တူ ကြိုးစား" 

 "ဟုတ်လေးငယ် ကျွန်တော်နားတော့မယ်" 

 "အေးအေး"

 ချမ်းမြေ့ အခန်းထဲရောက်တော့ ကျောင်းအပ်ပြီးတဲ့ အကြောင်းကို သူ့သူငယ်ချင်းဆီဖုန်းဆက်ခဲ့သည်။ 

 "ဟယ္လို" 

 "ဟယ္လို သားရီးရေ. ငါဒီနေ့ကျောင်းအပ်ခဲ့ပြီ. မင်းရော" 

 "ငါတော့မနက်ဖန်မှ သွားအပ်ရမှာ အိမ်ကလိုက်ပို့မှာတဲ့ကွာ. ညစ်လိုက်တာတကယ်ပဲ ဒါနဲ့ မင်းတို့ကျောင်း အခြေအနေဘယ်လိုလဲ မြို့ထဲမဟုတ်ဘူးဆိုတော့ မင်းသွားရတာအဆင်ပြေပါ့မလား"

 "ပြေပါတယ်ကွYBSလမ်းကြောင်းလည်းတည့်တယ်လေ အားလုံး OKပဲ" 

 "အေးပါကွာ ငါကေတာ့ ဘယ်လိုဖြစ်မလဲမသိဘူး.. အခုတော့ ညစ်တာပဲသိတယ်.တကယ်ပဲ" 

 "စိတ်လျော့ပါကွာ ညစ္စရာမွမဟုတ္တာ မင်းက ငါ့ထက်စာရင် ပိုကောင်းပါသေးတယ်" 

 "အေးပါကွာ မနက်ဖန်ကျောင်းအပ်ပြီးရင် မင်းဆီလာခဲ့မယ်. ပြီးရင် တစ်နေရာသွားပြီး ဂစ္တာသြားတီး ကြမယ်.. မင်းမငြင်းနဲ့နော်" 

 "ဟုတ်ကဲ့ပါခင်ဗျာ. အမိန့်တော်မြတ်အတိုင်းပါခင်ဗျာ့." 

 "လာနောက်နေသေးတယ် ဒါပဲကြာ" 

 "အေးအေး.. See You" 

×××××× 

1 Dec 

 "ဖိုးချမ်း ကျောင်းသွားတော့မလို့လား" 

 "ဟုတ်တယ် လေးငယ်. စောစောသွားမှရမှာ အခန်းရှာရဦးမှာမို့လေ" 

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ