Extra Part 3

224 2 0
                                    

Dec 15

မင်္ဂလာရှိသောနေ့လေးမို့ အရမ်းတွေ တက်ကြွနေသော ဇေနဲ့ဟိန်းရယ်ပါ။ ဈေးသွားရမည်မို့ မနက်အစောကြီး ထကာ ပြင်ရဆင်ရသည်။ အချိန်အားဖြင့် ၄နာရီ...

"ဇေ... ငါ ဘယ်အ၀တ်စားနဲ့လိုက်လဲ..."

"မင်းက ဘာဝတ်ဝတ်လိုက်ပါတယ်... ဘာမှဝတ်မထားရင် ပိုကောင်းတယ်..."

"ဇေ! နှာဘူးကောင်..."

"ဟားဟားဟား ကိုယ်က မင်းကိုပဲ ဘူးတာပါ ကျန်တဲ့သူတွေကို မဘူးဘူး..."

"မသိဘူးသွား..."

"ကဲပါ ချိတ်ကောက်မနေပါနဲ့... ဒီမှာ ကိုယ်ပြင်ဆင်ထားတာလေး ကြည့်ပါအုံး..."

ဇေပြောလိုက်သောကြောင့် စိတ်ကောက်နေရာမှ လှည့်ကြည့်လိုက်ရာ ဇေ၏ လက်ထဲတွင်ကိုင်ထားသော Couple Hoodieလေးကြောင့် ဟိန်း အနည်းငယ်ပြုံးသွားသည်။ Hoodieလေးတွင် ရိုက်နှိပ်ထားသော ပုံလေးကြောင့်ပင်။

ပျားရည်ဆန်ခရီးဖြစ်သော ကမ်းခြေတွင် ရိုက်ထားသော ပုံလေးကို Artအဖြစ်ဆွဲထားခြင်းဖြစ်သည်။

"ဟင် ဒါလေးက..."

"ကိုယ့်ရဲ့ မပြောပလောက်သော လက်ဆောင်လေးပါ ကလေးလေးရေ..."

"ဘာကလေးလဲ... ငါမင်းထက် ကြီးတယ်..."

"ဘာကြီးတာ??"

"အသက်လေ... ၂လကြီးတယ်..."

"သြော် ၂လကြီးများတောင် ကြားတာကို..."

"ဟုတ်တယ်..."

"မသိပါဘူး ကိုယ်က တခြားဟာ ထင်တာ..."

"ဇေ အစုတ်ပလုတ်ကောင်..."

"ဟား ဟား ဟား... ကဲ အင်္ကျီရွေးနေတာနဲ့တင် ဈေးလူတွေစည်လာတော့မယ် မြန်မြန်သွား မြန်မြန်ပြန်လာပြီး စီစဉ်စရာရှိတာ စီစဉ်ရအုံးမယ်မလား..."

"အင်းပါ... သွားမယ် ဒါလေးပဲ ၀တ်ခဲ့တော့မယ်..."

"Hoodieမ၀တ်ဘူးလား..."

"ပြန်လာမှ လူစုံမှ ၀တ်မယ်လေ..."

"သဘောပါဗျာ့..."

"ဒါနဲ့ ထည်ဝါတို့ ကိုနောင်တို့ ရောက်နေပြီမလား..."

"အင်း ရောက်နေကြပြီ... ဟိုတယ်မှာ တည်းနေကြတယ်တဲ့ ချမ်းတို့ရောက်တော့မှ လာမယ်တဲ့..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora