'ဇေ... မင်းအခုဘယ်လိုလုပ်မလဲ...' ဟိန်း ဇေ့ကို စိတ်ပူသွားသည်။ ချက်ချင်းဆိုသလို ဖုန်းကိုထုတ်လိုက်ပြီး..
တြီ တြီ....
"ဟယ်လို..."
"ဇေ..."
"ဟိန်း... "
"မင်းအဆင်ပြေရဲ့လား... ငါအခုပဲ ကာရံချိုနဲ့တွေ့လာတာ..."
"...."
"ချမ်းမြေ့ကိုလည်းတွေ့သွားတယ်ဆို... မင်းဘာဖြစ်နေတာလဲ... ငါ့ကိုတစ်ခုခုပြောပါဦးကွာ..."
"ငါတို့အခုတွေ့ရအောင်.. မင်းဘယ်မှာလဲ..."
"ငါမင်းဆီကိုလာခဲ့မယ်... မင်းရှိတဲ့နေရာကိုပြော..."
"လှည်းတန်းက Café Palace ဆိုင်မှာ"
"ငါလာခဲ့မယ်.. မင်းစောင့်နေနော်"
××××××
"ဇေ..."
"ဟိန်း..."
"ချမ်းမြေ့ရော..."
"ပြန်သွားပြီ... ငါ ငါဘာဆက်လုပ်ရမလဲကွာ... ငါထင်ထားတာ ဒီသုံးနှစ်အတွင်း တစ်ခုခုပြောင်းလဲမယ်လို့ထင်ထား တာ.. ခုတော့.."
"ချမ်းမြေ့သိသွားပြီဆို... မင်းဘာဆက်လုပ်မလဲ"
"ချမ်းမြေ့က ငါရှင်းပြတာ လက်မခံဘူး... "
"ချမ်းမြေ့က ဘာပြောလို့လဲ..."
"မဖြစ်နိုင်တော့တဲ့ ကိစ္စမို့လို့ သူ့ကိုမေ့လိုက်တော့တဲ့..."
"ငါဘာကူညီပေးရမလဲ.. ငါ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်..."
"ငါဒီညနေ ကာရံချိုတို့အိမ်ကိုသွားဖို့ရှိတယ်.. မင်းလိုက်ခဲ့ပါလား.. "
"ပြောစရာမလိုပါဘူးကွာ.. ကာရံချိုကိုလည်းပြောပြီးပြီ ငါလာခဲ့မယ်လို့"
"ပြီးတော့ ငါသူ့ကိုငြင်းဖို့ ဆုံးဖြတ်ပြီးပြီ.."
"မင်း မင်းအဖေကို ဘယ်လိုရင်ဆိုင်မလဲ.. မင်းအဖေအကြောင်းလဲ မင်းသိပါတယ်.. ဒီကိစ္စသာ ဖြစ်မလာဘူးဆိုရင် ကုမ္ပဏီနဲ့ ပတ်သတ်နေလို့ သူမင်းကိုခွင့်ပြုမယ်မထင်ဘူး.. "
"ငါသိပါတယ်... ဒါကြောင့် ငါကာရံချိုရဲ့ ပြစ်ချက်တွေကို ရှာထားတယ်.. ထုတ်သုံးရင်ကောင်း မသုံးရင်ကောင်း စဉ်းစားနေတာ.."
ESTÁS LEYENDO
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...