မနက်ခင်းရဲ့အငွေ့အသက်ကိုခံစားနေရပြီ။ ရောင်နီကိုမြင်ရသည့်အခါမှ မနက်ရောက်သွားပြီဆိုတာကို ချမ်း သိလိုက်သည်။ အတွေးများနေသဖြင့် တစ်ညလုံးအိပ်မပျော်ခဲ့ပါ။ နာရီကို လှမ်းကြည့်မိတော့ မနက်၄နာရီခွဲ ရှိလေပြီ။ စိုးရိမ်စိတ်တ၀က် ၀မ်းနည်းမှုတ၀က်ဖြင့် ဟိုလှိမ့်ဒီလှိမ့်လုပ်နေခဲ့သည်။ထိုစဉ် စားပွဲပေါ်မှ ဖုန်းScreen မီးလင်းလာသည်။ ခနအကြာတွင် မီးပြန်မှိန်သွားလေသည်။ ချမ်းထသင့်မထသင့် စဉ်းစားပြီးမှ ဖုန်းကို လှမ်းယူလိုက်သည်။
"Good Morningပါ ကိုကို့ရဲ့ကလေးလေး... ညက စာမပို့မိလို့ တောင်းပန်ပါတယ်နော်... ဟိန်းကိုလည်း စိတ်မပူနဲ့ တော့နော် သူနေကောင်းသွားပြီ... ချစ်တယ် ကိုကို့ရဲ့ကလေးလေး... အာဘြား..."
ချမ်း တစ်ချက်ပြုံးပြီး ဖုန်းလေးကို ရင်မှာအပ်ကာ မျက်လုံးများမှေးဆင်းလာသည်မို့ စိတ်လျှော့ကာ အိပ်လိုက်သည်။ သို့သော် အရင်နေ့များကဲ့သို့ အိပ်မက်များမလှနိုင်ပေ။
ဟိန်းဒီနေ့တော့ အိပ်ရာစောစော၀င်ခဲ့သည်။ အရင်ကလိုဆိုရင် တော်တော်နှင့်မအိပ်တတ်သောသူမှာ ဇေ၏ ကောင်းမှုကြောင့် ၉နာရီနှင့်ပင် အိပ်ရာ၀င်ခဲ့ရသည်။ ဖုန်းသုံးချင်သေးသည် ပြောပါသော်လည်း လက်မခံသဖြင့် မျက်နှာဆူပုတ်ပုတ်နှင့်သာ အိပ်ခဲ့သည်။
ဒါတောင် ကိုယ်တော်ချောက ရစ်နေ၍ အိပ်ချင်ယောင်ဆောင်မရ။ ဇေ ကိုယ်တိုင်ပါ ဘေးနား၀င်အိပ်နေ၍ ရင်ဘက်ကိုဖိကာ အိပ်ခဲ့ရသည်။ မျက်နှာချင်းမဆိုင်ချင်သော်လည်း အိပ်မအိပ် သိရအောင် သူ့ဘက် လှည့်အိပ်ရမည်ဟု ရစ်နေသောကြောင့် ဇေဘက်သို့ မျက်နှာမူရသည်။ ရင်ခုန်သံများမှာ ထိန်းမရ သိမ်းမရ။
မျက်နှာချင်းဆိုင် အိပ်နေရသောကြောင့် ဇေ၏ အသက်ရှူသံကို အနီးကပ်ကြားနေရသည်။ နဖူးဆီသို့ မှုတ်ထုတ်နေသော လေပူနွေးနွေးကြောင့် ရင်ခုန်ရသည်။ ခန္ဓာကိုယ်ချင်းနီးကပ်သောလည်း ပူလောင်ခြင်း မရွိ အေးမြနေလေသည်။ ပထမအစတွင် အိပ်ချင်ယောင်ဆောင်နေခဲ့သော်လည်း နောက်ပိုင်းတွင် အိပ်စက်ခြင်းသို့ ကူးပြောင်းသွားလေသည်။
YOU ARE READING
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...