Chapter 28 (Zawgyi)

317 10 1
                                    

လွန်ခဲ့သော တစ်နှစ်ခန့်က...

မိုးတွေသည်းနေသော ညတစ်ညမှာ ပြေးလွှားနေသော ကောင်လေးတစ်ယောက်။ ရန်ကုန်မှ ထွက်လာပြီးနော် သူသိပ်နေချင်သော ပြင်ဦးလွင်ဆိုသော မြို့ကလေးဆီသို့ သူထွက်လာခဲ့သည်။ အခြားသူများကို အသိမပေးခဲ့သဖြင့် သူရှိသော နေရာကို အခြားသူများမသိနိုင်။ သို့သော်လည်း အမျိုးမရှိ အသိမရှိသည်မို့ သူအတွက် နေထိုင်ဖို့ခက်ခဲနေသည်။

ဖုန်းတွေပါထားခဲ့သဖြင့် ဘယ်သူ့ကိုမှ မဆက်သွယ်နိုင်ပေ။ ရောက်စအချိန်တွင်တော့ ဟိုတယ်တွင်နေထိုင်ခဲ့သည်။ ငွေကြေးလည်း များများစားစားယူခဲ့ခြင်းမရှိသည်မို့။ တစ်ရက်နှစ်ရက်သာ ကောင်းကောင်းနေနိုင်သည်။ ထို့ကြောင့် သူ ထိုမြို့တွင် နေနိုင်ရန် အလုပ်ရှာသည်။ သို့သော် ဘွဲ့ရမဟုတ်သည်မို့ အလုပ်မခေါ်ချင်ကြပေ။

သူဇွဲမလျှော့ဘဲ သူဆက်ရှာဖွေခဲ့သည်။ တစ်နေ့သောအခါတွင်တော့...

"အကို ကျွန်တော် အကို့တို့ခြံမှာ အလုပ်လေးများရနိုင်မလား..."

"အလုပ်ကတော့ ရပါတယ်ညီရဲ့ ဒါပေမယ့် မင်းပုံစံနဲ့ အကိုတို့ခြံအလုပ်နဲ့ အဆင်မပြေလောက်ဘူးနော်..."

"ကျွန်တော်လုပ်နိုင်ပါတယ်အကိုရဲ့..."

"အေးလေ မင်းက စိတ်အားထက်သန်နေရင်လည်း လုပ်ပေါ့... မနက်ဖန်စဆင်းတော့... မင်းပစ္စည်းတွေပါရင် တစ်ခါထဲ ရွှေ့ခဲ့လိုက်တော့..."

"ဟုတ်အကို... ၀မ်းသာလိုက်တာဗျာ..."

ဟိန်းလည်း လိုချင်တဲ့အလုပ်ရပြီမို့ သူအလွန်ပျော်သွားခဲ့သည်။ သူနေထိုင်ရာ ဟိုတယ်ဆီသို့ ပစ္စည်းသိမ်းရန်ပြန် လာခဲ့သည်။

လမ်းတစ်နေရာတွင် လူနှစ်ယောက်က ဓားထောက်ပြီး အမျိုးသမီးကြီးတစ်ဦးကို အနုကြမ်းစီးနေသဖြင့် ဟိန်း သွားကူညီပေးခဲ့သည်။

"ဟေ့ကောင်တွေ မင်းတို့ ဒါဘာလုပ်တာလဲ..."

"ဟိုကောင် ကိုယ်နဲ့မဆိုင်ရင် ၀င်မပါနဲ့... သေသွားမယ်..."

"မင်းတို့လုပ်တာ အမြင်မတော်တော့လည်း ငါဝင်ပါရမှာပဲ..."

"လျှာရှည်တယ်ကွာ အဲ့ကောင်ကိုရှင်းလိုက်... အဘွားကြီး ခင်ဗျားကြီး လှုပ်တုတ်လှုပ်တုတ်လုပ်မနေနဲ့... ထုတ်စရာရှိတာထုတ်..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Where stories live. Discover now