Chapter 17 (Zawgyi)

293 11 0
                                    

မနက်ခင်း အလင်းရောင်က ပြတင်းပေါက်ဆီမှ တိုးဝင်လာလေပြီ။ လေညှင်းလေးက တဖြည်းဖြည်းတိုက်ခတ်နေ သဖြင့် ပြတင်းပေါက်မှ လိုက်ကာစလေးများ လေတိုက်တိုင်းလှုပ်ရှားနေလေသည်။ စူးရှသောအလင်းရောင်ကို အသားမကျသေး၍ အားစိုက်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ မိမိ၏ခန္ဓာကိုယ်ကို တစ်ခုခုမှ တင်းကြပ်စွာ ချည်နှောင်ထားသည်ဟု ခံစားမိ၍ ဘေးဘီဝဲယာကို လှည့်ကြည့်ရာ ဖြူဖွေးသောမျက်နှာလေးနှင့် မို့မောက်နေသော မျက်လုံးတစ်စုံကိုတွေ့လိုက်ရသည်။ ထိုသူ၏ လက်တစ်ဖက်မှာ မိမိ၏လက်ကို တင်းကြပ်စွာကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာ မိမိ၏ခါးပေါ်တွင်တင်ထားလေသည်။ ထိုသူမှာ မိမိအချစ်ရဆုံးသော ဇေ ပင်ဖြစ်လေသည်။

ညက ကိစ္စများကို ပြန်စဉ်းစားရင်း ဇေ စိတ်တိုစွာကြည့်ရင်းမေးနေသော မျက်နှာကိုသာမှတ်မိသည်။ ကျန်သော ကိစ္စများဖြစ်ပျက်သွားသည်ကို သူမသိ။ စိတ်ထဲတွင် မွန်းကြပ်လာသည်။ ဇေ သိများသိသွားတာလား။ ငါဘာဖြစ်သွားခဲ့တာလဲ။ စသည်ဖြင့် သူတွေးတောနေမိသည်။ များမကြာမီတွင် ဇေ တစ်ယောက် လူးလွန့်လာသည်။ ဟိန်းသူ့ကိုစိုက်ကြည့်နေစဉ်အချိန်မှာပင် ချက်ချင်းမျက်လုံးများဖွင့်လာပြီး ဆက်ကနဲ ထထိုင်ကာ ဟိန်းကို လှည့်ကြည့်သည်။ ဟိန်း ရုတ်တရတ်မို့ အံ့သြသွားခဲ့သည်။

"ဟိန်း... မင်းသတိရပြီနော်... ငါ... ငါ စိတ်ပူလိုက်ရတာကွာ..."

ပြောရင်းဆိုရင်း မျက်ရည်ကျလာသော ဇေ ကြောင့် ဟိန်းနားမလည်စွာ ချော့မိသည်။

"ဟာ... ဇေ ဘာဖြစ်တာလဲ... မင်းဘာလို့ငိုတာလဲ... မင်းငိုတော့ ငါလည်းငိုချင်တာပေါ့..."

"မင်း... ငါ့... ငါ့ကြောင့် မေ့လဲသွားတာမလာ..."

"ဟင်... ငါ... ငါမေ့လဲသွားတယ်..."

"ဟုတ်တယ်... ညက မင်းကို ငါစ နေတုန်း မင်းက ငါ့ကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ကြည့်နေရင်း လဲကျသွားတာ..."

"ငါ မမှတ်မိဘူး ဇေ..."

"အင်းပါ... ထားလိုက်တော့... မင်းဘာဖြစ်ချင်လဲ မင်းဘာလုပ်ချင်လဲ... ငါ့ကိုပြော..."

"ဘယ်နှနာရီရှိပြီလဲ..."

"၉နာရီ..."

"ဟင်... ဒီနေ့ကျောင်းသွားရဦးမယ်လေ..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Onde histórias criam vida. Descubra agora