Chapter 5(Zawgyi)

388 12 0
                                    

ဇေ သူ့ရှေ့ကထွက်သွားသော ကောင်လေးကိုကြည့်ရင်း စဉ်းစားခန်းဝင်နေလေတော့သည်။ 'ဒီကောင်လေးကို ငါအကြည့်ချင်းဆုံမိတာနဲ့ ရင်တွေခုန်နေတယ် ဘာလို့ပါလိမ့်နော်.... ဒါနဲ့ ဒီကောင်လေးက... ဟာဟုတ်သားပဲ Oceanက ဟုတ်တယ် Oceanက ကောင်လေးပဲ...ကြည့်ရတာငါနဲ့ ရေစက်ပါတဲ့ပုံပဲ...'

ဇေအတွေးလွန်နေချိန်...

"ဇေ.... ဘာလုပ်နေတာလဲ ပြန်မယ်လေ.... ဒီနေ့တော့ ကားကိုမင်းပဲမောင်းတော့....."

"အေးပါ.. လာ ...သွားစို့..... ဇေလည်းအတွေးကို မြန်မြန်ဖြတ်ပြီး အိမ်ကိုပြန်လိုက်တော့တယ်...."

×××××××

ချမ်းမြေ့တစ်ယောက်အိမ်ရောက်သည်နှင့် အခန်းထဲပြေးဝင်ပြီး ကုတင်ပေါ်လှဲချမိတော့သည်... အခုချိန်ထိ သူရင်ခုန်သံတွေ မရပ်သေး...

"ငါရူးနေပြီထင်တယ်... ဘာဖြစ်လို့ကောင်လေးတစ်ယောက်နဲ့တွေ့တာကို ရင်တွေ အရမ်းခုန်နေတာလဲ... ငါ ပြောင်းသွားတာများလား...မဟုတ်သေးပါဘူး... ငါက ဘာကိစ္စပြောင်းရမှာလဲ... ထားလိုက်ပါတော့လေ..."

တဖက်တွင်လည်း...

'ကောင်လေးတစ်ယောက်က အဲ့လိုချစ်ဖို့ကောင်းစရာလိုလို့လား... ပထမတစ်ခါကလည်း ပြူးကြောင်လေးကြည့် နေတာ... အခုလည်းပြူးကြောင်လေးကြည့်နေတုန်း... ဘယ်လိုကောင်လေးပါလိမ့်... အင်း... သူ့အကြောင်းစုံစမ်း ရတော့မယ်...'

ဇေတစ်ယောက်ထဲ ပြုံးဖြီးဖြီးဖြင့် ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက်လုပ်နေလေတော့သည်။

×××××

ချမ်းမြေ့ ကျောင်းကို စတက်သည်မှစ၍ စာပဲကြိုးစားသည်။ အတန်းလည်းပျက်သည်ဟူ၍မရှိ။ သူငယ်ချင်း အပေါင်းအသင်းမရှိ။ သူ့က တည်တည်ငြိမ် ငြိမ်နေတတ်သူမို့ သူ့ကိုခင်ချင်တဲ့သူများသည်။ ကြိတ်ကြွေနေသူများ လည်းရှိသေးသည်။ သို့သော် သူက တစ်ယောက်တလေကိုမျှ စကားသွားပြောလေ့မရှိ ။ တစ်ယောက်တည်း နေတာများသည်။ ထိုတည်တည် ငြိမ်ငြိမ်နေတတ်တဲ့ကောင်လေးကတော့ သူ့ကို စောင့်ကြည့်နေတဲ့သူရှိတာကို မသိရှာ.......

"ဇေ.... First year ကန်တင်းကို ခဏခဏလာနေတာပဲ.... ငါတို့အဆောင်နဲ့ နီးတဲ့ကန်တင်းလည်းရှိတာပဲကို..... မင်းချိန်နေတဲ့ကောင်မလေးရှိလို့လား..."

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Opowieści tętniące życiem. Odkryj je teraz