Final Extra Part

313 2 0
                                    

ခြံလေးထဲသို့ တရွေ့ရွေ့ဝင်လာသော ကားငယ်လေးတစ်စီး။ ထိုထဲတွင် ငြိမ်သက်စွာ လိုက်ပါလာသော ကောင်လေးတစ်ဦးနှင့် စိတ်ရှုပ်နေဟန်ရှိသော ကောင်လေးတစ်ဦးတို့သည် ကားပေါ်မှ ဆင်းလာကာ အိမ်ထဲသို့ တဖြည်းဖြည်းချင်းဝင်လာခဲ့တော့သည်။

"ချမ်းလေးတို့ ခန့်တို့တောင် လာပြီပဲ..."

"ဟုတ် ကိုဇေ... ကျွန်တော်တို့ ဘာကူရအုံးမလဲ..."

ချမ်းပြောလာသော်လည်း ခန့် မှာ မျက်နှာသေကြီးနှင့် ထိုင်နေလေတော့သည်။

"အဆင်သင့် စားဖို့ပါပဲဗျာ... ကျန်တာမလိုပါဘူး..."

"သြော်... ဟုတ်..."

ချမ်းလေးရော ခန့်ရော မျက်နှာမကောင်းတာကြောင့် အကြီးဖြစ်တဲ့ သူတို့နှစ်ယောက်လည်း ဘာစကားမှ မပြောမိတော့ပေ။ ဟိန်းကလည်း ဇေ့ကို မျက်စပစ်လိုက်ပြီး ချမ်းကို ပ ထုတ်ဖို့ပြင်ရတော့သည်။ ထို့ကြောင့် ချမ်းနားသို့ကပ်ကာ ခပ်တိုးတိုးလေးပြောလိုက်သည်။

"ချမ်းရေ..."

"ဗျာ ကိုဇေ..."

"အကို့ကို တစ်ခုလောက်ကူညီပါလား..."

"ဟုတ် ကိုဇေ... ဘာများလဲ..."

"ထပ်ခိုးက အခန်းထဲကလေ Boxလေး သွားယူပေးပါလား..."

"အကို ဟိန်းကို surpriseလုပ်မို့ မှာထားတဲ့ Boxလေးပါကွာ... အဲ့အခန်းထဲက စားပွဲခုံမှာ တင်ထားတယ်... ယူလာခဲ့လိုက်..."

"ဟုတ်ကဲ့ ကိုဇေ..."

ချမ်း ထသွားတော့မှပဲ ခန့်ဘက်ကိုလှည့်မိတော့သည်။ ခန့်ကတော့ ခုံတွင် ငြိမ်ငြိမ်လေးထိုင်ကာ အဝေးတစ်နေရာကို ငေးကြည့်နေတော့သည်။

"ကိုဇေ..."

"ပြောလေ ခန့်..."

"ကိုနောင်တို့ကို မဖိတ်ဘူးလား..."

"ဖိတ်ပါတယ် ခန့်ရဲ့..."

"အဲ့ဒါဆို ဘာလို့ သူက မလာရတာလဲ..."

"သူလည်း မအားလို့နေမှာပေါ့... ခန့်ရယ်..."

သူပြောလိုက်တော့မယ် မျက်နှာပိုညှိုးသွားသောကြောင့် ဇေလည်း ကိုနောင်တို့ကို ခေါ်ဖို့ အနောက်ဘက်သို့ ထွက်သွားလိုက်တော့သည်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Donde viven las historias. Descúbrelo ahora