Chapter 6 (Uni)

835 50 2
                                    

ဒီနေ့ကတော့ ကျောင်းရှိ မေဂျာပေါင်းစုံ ဘက်စကပ်ဘောပြိုင်ပွဲနေ့ပဲဖြစ်ပါသည်။ စီးပွားရေးတက္ကသိုလ်တွင် မေဂျာ ၈ခု ရှိသည့် အနက် ရွာသာကြီးနယ်မြေမှာတော့ B.Com BBA Stat Ecoဆိုပြီး မေဂျာ ၄ခု ခွဲထားပါသည်။ Semi-finalတွင် ယောက်ျားလေးပွဲစဉ်မှ BBA နှင့် Eco၊ B.comနှင့် Stat ကစားကြရာ B.comနှင့် BBAတို့က အနိုင်ရပြီး၊ မိန်းကလေးပွဲစဉ်မှ Stat နှင့် Eco၊ B.Com နှင့် BBA ကစားကြရာ Stat နှင့် Ecoတို့က အသီးသီးအနိုင်ရခဲ့ပြီး finalတက်ခဲ့ပါသည်။ 

ကွင်းထဲတွင် အားကစားသမားမ်ားသာမက အားပေးကြမည့် မေဂျာပေါင်းစုံမှ ကျောင်းသူ/သားများသည် နေရာ အသီးသီးတွင် နေရာယူထားပြီးဖြစ်လေသည်။ ပထမဆုံးပွဲစဉ်မှာ B.comနှင့် Stat မိန်းကလေးပွဲစဉ်ဖြစ်သည်။ ပွဲစတင်သည်နှင့် ကိုယ့်မေဂျာကို အားတက်သရောအားပေးနေကြသည်မှာ အားတက်စရာပင်ဖြစ်လေသည်။

 Statistics ဒုံး ဒုံး ဒုံး 

Statistics ဒုံး ဒုံး ဒုံး 

Statistics ဒုံး ဒုံး ဒုံး 

Eco Eco Eco Eco ဒုံး ဒုံး ဒုံ

းEco Eco Eco Eco ဒုံး ဒုံး ဒုံး

Eco Eco Eco Eco ဒုံး ဒုံး ဒုံး

ရွိသမွ် ရေသန့်ဗူးခွံတွေမှာ ရိုက်ခံရပါများ၍ ပိန့်ရှုနေလေပြီ။ တစ်ချို့ ကျောင်းသူများ အသံ၀င်သည်အထိ အားပေးနေကြသည်။ မိန်းကလေးပွဲစဉ်တွင် Statက အနိုင်ရရှိသွားသည်။ 

အခုပွဲစဉ်မှာတော့ အားလုံးမျှော်လင့်စောင့်စားလျက်ရှိသော B.com နှင့် BBA ယောက်ျားလေးပွဲစဉ်ပဲဖြစ်ပါသည်။ ကစားသမားမ်ား ကွင်းအတွင်း၀င်လိုက်သည်ဆိုရင်ဖြင့် တစ်ကွင်းလုံးဆူညံ့သွားသည်အထိ လက္ခုတ္သံမ်ား၊ လက်ခေါက်မှုတ်သံများကြားရသည်။ 

ပွဲကြည့်စင်ပေါ်တွင်ထိုင်နေသော ကောင်မလေးများ၏မျက်လုံးများသည် ကွင်းအတွင်းရှိ Kingနှစ်ယောက်စီတွင် ရှိနေလေသည်။ ကွင်းထဲမှ ကောင်လေးမှာတော့ ပွဲကြည့်စင်များဘက်သို့လှည့်ကာ တစ်စုံတစ်ယောက်ကိုရှာနေ ဟန်ရှိသည်။ 

ချမ်းမြေ့ပွဲကြည့်ရှုရခြင်းကိုမနှစ်သက်သော်လည်း ဇေပါ၀င်မည့် ပွဲစဉ်ဖြစ်တာကြောင့် RCသို့ အစောကြီးရောက်ရှိ လာ၏။ ဆရာ/ဆရာမများမှာလည်း ကျောင်းအတွင်းပွဲရှိသည်မို့ ပျက်ကွက်ခွင့်ပြုရသည်။ မပြု၍လည်းမရပေ။ ပွဲကြည့်စင်ရှေ့ဆုံးခုံတွင်ထိုင်ကာ ဇေ့ကိုရှာကြည့်နေပေမယ့် မတွေ့။ 

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Wo Geschichten leben. Entdecke jetzt