Chapter 9 (Zawgyi)

277 8 0
                                    

ဇေ ဟိန်း၏အခန်းထဲဝင်သွားလိုက်ရာ မြင်လိုက်ရသောမြင်ကွင်းကြောင့် ဇေအလွန်အံ့သြသွားသည်။ အခန်းမီးဖွင့် မထား၍ တစ်ခန်းလုံးအမှောင်အတိရှိ၏။ မျက်စိအားစိုက်၍ ဟိန်းကိုရှာကြည့်သောအခါ အခန်းထောင့်လေးတွေ ငြိမ်သက်စွာထိုင်နေတာကို ဇေတွေ့လိုက်ရသည်။ ဟိန်း၏ဒီလိုပုံစံကို တခါမှမတွေ့ဖူးသေးတာကြောင့် ဇေ ရုတ်တရတ် ဘာလုပ်ရမှန်းမသိ...

"ဟိန်း..... "

ဇေက ဟိန်းပခုံးကိုကိုင်ပြီးမေးလိုက်သည်။

"ဟိန်း... မင်းဘာဖြစ်နေတာလဲကွာ... ဘာကိစ္စရှိလို့ မင်းဒီလောက်ပေါက်ကွဲနေရတာလဲ ငါဖုန်းဆက်တာကို မင်း ဘာလို့မကိုင်တာလဲကွာ ပြီးတော့ ဖုန်းတောင်စက်ပိတ်လိုက်သေးတယ်...."

"ငါဘာမှမဖြစ်ပါဘူးကွာ... ဒီလိုပဲ ..."

"ဘာဒီလိုပဲလဲ... ငါ့ကိုပြော... မင်းဘာဖြစ်နေတာလဲ ငါ့ကိုမလိမ်နဲ့.. ငါလိမ်တာအမုန်းဆုံးဆိုတာ မင်းအသိဆုံးပဲ လေ..."

"ဒီနေ့ ငါမြို့ထဲသွားတော့ ငါ့crush ကိုတွေ့လိုက်လို့ပါ...."

"ဘာဆိုင်လို့လဲ..."

"သူက သူ့ဘဲနဲ့လာတာလေကွာ အဲ့ဒါငါမကျေနပ်လို့...."

တခါမှ မလိုက်ဖူးသေးသော Crushကြောင့် ဒီလိုဖြစ် နေတာပါဟုပြောသောကြောင့် ဇေ... မအောင့်နိုင်တော့ပဲ ရီမိသွားတော့သည်...

"ဇေ.... မင်းဘာရီတာလဲ... ဘာလဲ ငါ့ကိုလှောင်တာလား" ဟိန်း ဇေကိုဘုဆက်ဆက်ပြောရင်း မျက်စောင်း တစ်ချက်ထိုးလိုက်သည်။

"မဟုတ်ပါဘူးကွာ မင်းအဖြစ်ကလည်း.... မင်းကအမြဲချိန်ပါပဲလေ... မင်းချိန်တိုင်းအမြဲပါပါနေတာကို မင်းက ပါးစပ် ကသာ Crush Crush နေတာ တကယ်ရောလိုက်ဖူးလို့လား...."

"ဇေ... ငါမလိုက်ချင်လို့ပါကွာ.... ငါလိုက်ပြရင် မင်းအံ့သြသွားမယ်..."

"အေးပါကွာ.... မင်းလက်ကို ငါ့ခဏပြ..."

"ဘာလုပ်ဖို့လဲ..."

"မင်းဒေါသထွက်ရင် ဘာလုပ်တတ်လဲဆိုတာ ငါသိနေလို့ပေါ့... ခဏနေဦး ငါဆေးသေတ္တာသွားယူလိုက်ဦးမယ်..."

"အေးပါကွာ.... "ဇေရှေ့မှာ ဟန်ဆောင်ကောင်းခဲ့ပေမယ့် သူ့ရင်ထဲတော့ ပူလောင်နေရှာသည်... ဇေ သူ့အဖြစ် ကိုသိသွားလေမလား တွေးရင်းနဲ့ မျက်ရည်ကြည်လေးများမျက်ဝန်းအိမ်မှာ ရစ်ဝိုင်းလာလေသည်။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Where stories live. Discover now