Extra Part 2

245 0 0
                                    

A Romantic Love Story(၀င်္ကပါဆန်တဲ့ အချစ်ပုံပြင်)

Extra Part 2

ပြင်ဦးလွင်၏ ဆောင်းတွင်းမနက်ခင်းလေးဟာ အေးမြခြင်းတွေကို ဆောင်ကျဉ်းပေးနေပါတော့သည်။ မနက်စောစော လုပ်ငန်းခွင်ဝင်တတ်သော ကျွန်တော့်အတွက် မနက်၅နာရီသည် အသင့်တော်ဆုံးပင်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် ခြံသို့ လမ်းလျှောက်ထွက်ဖြစ်သည်။ မနက်ခင်း ခြံကို လှည့်ပတ်စစ်ဆေးရင်းပေါ့။ မနက်၅နာရီကို ထိုးသည်နှင့် မျက်နှာသစ် ကိုယ်လက်သန့်စင်သည်။ မနက်တိုင်း ကိုင်နေကျဖြစ်သောကြောင့် အေးစက်နိုင်သော ရေအေးများကို မမှုတော့ပေ။

မနက်ခင်းနေရောင်ခြည်စတင်ပေါ်ထွက်လာသည်နှင့် အိမ်ထဲမှ စတင်ထွက်ခွာသည်။ ဘောင်းဘီရှည် အင်္ကျီထူထူ ၀တ်ထားသောကြောင့် လူက အရင်ကထက် ၀လာသလိုခံစားရသည်။ ထိုသို့ဝတ်မှသာ အအေးဒဏ်ကိုခံနိုင် ပေမည်။

လေပြည်ညှင်းလေးများ မျက်နှာနုနုကို လာရောက်တိုက်ခတ်သောအခါတွင် အေးမြမှုကို သိသိသာသာခံစားရသည်။ ထိုလေပြည်ညှင်းကို အသက်ပြင်းပြင်းရှူကာ အဆုတ်ရောက်သည်အထိ တ၀ကြီး ရှူသွင်းလိုက်သည်။

ထိုမှသာ ဆောင်းရာသီ၏ သဘာဝအစစ်ကို သိရှိရမည်ဖြစ်သည်။ ဖုန်းလေးကို နားကြပ်ထိုးကာ အသံခပ်တိုးတိုးလေး ဖွင့်နားထောင်ဖြစ်သော သီချင်းမှာ ' Hello December ' Puppyရဲ့ သီချင်းလေးပင်။

"ကြည်လင်ပါတယ်ဆို အို ဒီဇင်ဘာရယ် ငို... မှုန်ရီမှိုင်း မှိုင်း အေးစက် နှင်းဓာတ်ကြားမှာ... ငါတို့အပျင်းလည်းပိုတယ်... သီချင်းလည်း ဆိုမယ်... အချိန်တွေ ရာသီတွေရယ် ပြောင်းလို့နေလည်း ဒီဇင်ဘာရယ် လွမ်းလို့နေအုံးမယ်..."

ဒီဇင်ဘာရဲ့ နှင်းဝေတဲ့ဆောင်းဟာ လွမ်းစရာကောင်းလွန်းလှပါသည်။ လွမ်းတယ်ဆိုမှ ကျွန်တော့်၏ အကောင်ပေါက်လေးကိုတောင် သတိရသွားမိသည်။ နာရီပြန်ကြည့်ချိန်တွင် နာရီသည် ၆နာရီကို ညွှန်ပြနေလေပြီ။ ဒီချိန်ဆိုရင်တော့ ကောင်ငယ်လေးနိုးနေလောက်ပြီ။ သို့သော်လည်း သူဖုန်းမဆက်ဖြစ်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ကောင်ငယ်လေးမှာ ည၁၁လောက်မှသာ နားရပြီး မနက် ၆နာရီဆိုသည်နှင့် ထကာ သင်တန်းအချိန်မီသွားဖို့ပြင်ဆင်ရခြင်းကြောင့်ဖြစ်သည်။ သူ့ကြောင့်နှင့်တော့ ကောင်ငယ်လေး၏ တန်ဖိုးရှိလှသော အချိန်တွေကို အကုန်ဆုံးမခံနိုင်ပေ။ ညတိုင်းလည်း ဖုန်းပြောနေရခြင်းကြောင့် အဆက်သွယ်မပြတ်ခဲ့။

A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]Hikayelerin yaşadığı yer. Şimdi keşfedin