နာရီအားဖြင့် မနက်၂နာရီကျော်နေလေပြီ။ ဟိန်းအခုထိ အိပ်လို့မပျော်သေးပါ။ မျက်လုံးများကြောင်၍ အတင်းအိပ် ရန်ကြိုးစားနေပါသော်လည်း အရာမမြောက်။ စိတ်ထဲတွင် လွန်စွားရှုပ်ထွေးနေလေသည်။ ချစ်ရသူကို ဆုံးရံှုးသည် မဟုတ်သော်လည်း ကိုယ့်ကိုအရင်ကလို အလေးမထားတော့သောကြောင့် စိတ်တွေလေးလံနေသည်။အိပ်မရတော့မည့် အတူတူ ဖုန်းသုံးရန်အတွက် စားပွဲပေါ်မှ ဖုန်းလေးကို လှမ်းယူလိုက်သည်။ ဖွင့်လိုက်သည်နှင့် ပေါ်လာသော Screenက ပုံလေးကြောင့် ဟိန်းတစ်ချက်ပြုံးလိုက်သည်။ ထိုအပြုံးသည် ခေတ္တခဏအတွင်းပင် ပျောက်ကွယ်သွားသည်။ အကြောင်းမှာ screenတွင်ပေါ်နေသော notiစာတန်းလေးတစ်ခုကြောင့်ပင်။
လွန်ခဲ့သော တစ်ပတ်လောက်ကတည်းက ထိုစာတန်းလေးကို ဖုန်းnotiတက်တိုင်းတွေ့ရသည်။ ဟိန်းစိတ်ရှုပ်စွာ ဖျက်ပစ်လိုက်သည်။ ထိုနံပါတ္ကို blacklistထဲထပ်ထည့်လိုက်သည်။ အခုဆိုလျှင် သူblacklistထဲထည့်ထားသော နံပါတ်များမှာ ၁၀ခုကျော်နေလေပြီ။
ဘယ္သူက သူ့ကိုဒီလိုနှောက်ယှက်နေမှန်းမသိ။ သိလည်းမသိချင်။ စိတ်ရှုပ်ထွေးစွာဖြင့်ပင် galleryထဲက ပုံလေးတွေကို တစ်ပုံပြီး တစ်ပုံရွှေ့ကြည့်နေမိသည်။ မကြာမီတွင် ဖုန်းက ရင်တွင်အပ်ကာ မျက်လုံးများ မှေးဆင်း လာလေပြီ။ စိတ်ကိုလျှော့ချလိုက်သည့်အခါမှသာ ဟိန်း ကောင်းကောင်းအိပ်ပျော်သွားလေသည်။ အပြင်တွင် ရခွင့်မရှိသည်များကို အိပ်မက်ထဲနှင့် စိတ်ကူးကမ္ဘာထဲတွင် ရနိုင်သည်မဟုတ်ပါလား။
×××××××
တစ်ဖက်တွင်လည်း...
'ဟူးးးးးးး ထပ်blockသွားပြန်ပြီပဲ'
ထိုကောင်လေးမှာ စိတ်ပျက်သွားခြင်းမရှိ။ ဟိန်းဆိုသော မာနခဲလေးကို ချဉ်းကပ်ဖို့ကြိုးစားနေသော်လည်း အခုချိန်ထိ အရာမထင်သေး။ သို့သော်သူဇွဲလျော့မည်မဟုတ်ပေ။ အပြုံးတစ်ပွင့်ကို ပန်ဆင်ရင်း နောက်ထပ် ချဉ်းကပ်နည်းတစ်မျိုးကို စဉ်းစားလိုက်သည်။
"အကိုကပဲ ရှောင်နိုင်မလား ကျွန်တော်ကပဲ မိအောင်ဖမ်းနိုင်မလား စောင့်ကြည့်လိုက်ပါဦး အကိုရယ်"
YOU ARE READING
A Romantic Love Story (ဝင်ကပါဆန်တဲ့ အချစ်ပုံပြင် ) [Complete]
RomanceStart Date 15.5.2022 - End Date 15.7.2022 fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ၀င်္ကပါဆန်နေမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ fictionလေးရဲ့ Name လေးအတိုင်းပဲ အချစ်ပုံပြင်တစ်ပုဒ်က ဘယ်လိုမျိုး ဝင်ကပါဆန်နေမလဲဆိုတာ ပြောပြပေး...